မန်ယူအသင်း တောင်ပံကစားသမားဆန်ချို လာမည့်ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ကြိုးပမ်းနေ

မန်ယူအသင်း တောင်ပံကစားသမားဆန်ချို လာမည့်ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ကြိုးပမ်းနေ

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်း တောင်ပံကစားသမားဆန်ချိုသည် နည်းပြတန်ဟတ်အပြင် အသင်းနှင့်ပါ ဆက်ဆံရေး ပိုမိုတင်းမာလာပြီးနောက် လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်း ဒေါ့မွန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းနည်းပြ တန်ဟတ်သည် အာဆင်နယ် အသင်းနှင့်   မန်ယူအသင်းတို့ကစားသည့်ပွဲစဉ်အပြီး တွင် ဆန်ချိုအနေဖြင့် လေ့ကျင့်ရေးကွင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက်   အသင်းကစားသမား စာရင်းမှ  ချန်လှပ်ခဲ့ခြင်းဖြစ်သည်ဟု  ပြောကြားခဲ့ပြီးနောက် ဆန်ချိုကလည်း နည်းပြတန်ဟတ်အနေဖြင့် မိမိခြေစွမ်းပြနိုင်ခဲ့သော်လည်း ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် အသင်းကစားသမားစာရင်းမှ ချန်လှပ် ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဝေဖန်ခဲ့သည့်အတွက် နည်းပြတန်ဟတ်က ဆန်ချိုအား အသင်းနှင့် ပူးပေါင်းလေ့ကျင့်ခွင့်ကို အကန့်အသတ်မရှိပိတ်ပင်ခဲ့ပြီး လူငယ်အသင်းနှင့်သာ ပူးပေါင်းစေခဲ့ခြင်း ဖြစ်သည်။

အလားတူ မန်ယူအသင်းတာဝန်ရှိသူများကလည်း နည်းပြတန်ဟတ်နှင့်  ဆက်ဆံရေးမပြေလည်သည့်  ဆန်ချိုကို အသင်းနှင့်ပတ်သက်ခွင့် သုံးလအထိပိတ်ပင်ခဲ့ပြီးနောက် ဆန်ချိုကိုယ်တိုင်ကလည်း မန်ယူအသင်းနှင့် ပတ်သက်သည့် ၎င်း၏အကောင့်များကို ဖျက်သိမ်းကာ လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ကြိုးပမ်းနေကြောင်း သိရသည်။                         

Ref;90Min