iPhone 15 Pro Max က ဝယ်ကိုင်သင့်တဲ့ဖုန်းတစ်လုံးလား . . . သူ့မှာဘာတွေထူးလာလဲဆိုတာ လေ့လာကြမယ်

iPhone 15 Pro Max က ဝယ်ကိုင်သင့်တဲ့ဖုန်းတစ်လုံးလား . . .

သူ့မှာဘာတွေထူးလာလဲဆိုတာ လေ့လာကြမယ်

ထုတ်လုပ်ခဲ့သမျှ   ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်း ဆိုတဲ့စကားက Apple က နှစ်စဉ်ကျင်းပတဲ့ ပွဲတိုင်းမှာ ကြားဖူးနေ ကျစကားဖြစ်မည်ထင်သည်။

ဒီနှစ်မှာလည်း ဗစစူန က ဒီစကားကိုပဲ ထပ်ပြောသွားသည်။ ဒီတော့   သူ့ပြောစကားက တကယ်ဟုတ်ရဲ့လား ဆိုတာကို လေ့လာဆန်းစစ်  ကြည့်ရတော့မည်ဖြစ်သည်။

ဒီနှစ်မှာထုတ်လုပ်လိုက်တဲ့ဖုန်းတွေက အားလုံးလည်းသိပြီးဖြစ်မည်ထင်သည်။ iPhone 15 Series ပင်ဖြစ်သည်။  အဲဒီထဲမှာ iPhone 15၊ iPhone 15 Plus၊ iPhone 15 Pro နဲ့  iPhone 15 Pro Max တို့ပါဝင်သည်။

iPhone 15 က  အခြေခံအဆင့်ဖြစ်ပြီး iPhone 15 Pro Max ကတော့ အမြင့်ဆုံးအဆင့်ဖြစ်သည်။   ဒီကနေ့မှာတော့ iPhone 15 Pro Max အကြောင်းကို သုံးသပ်ပေးသွားမှာဖြစ်သည်။

အရင်ဦးဆုံး အရောင်ပိုင်းကိုပြောချင်သည်။ အရောင်က လေးမျိုးနဲ့ထုတ်လုပ်ပေးထားတာကို တွေ့ရသည်။ အဲဒါတွေက သဘာဝတိုက်တေနီယံအရောင်၊ တိုက်တေနီယံအဖြူရောင်၊ တိုက်တေနီယံအမည်းရောင်နဲ့  တိုက်တေနီယံ အပြာရောင်တို့ဖြစ်သည်။

iPhone 15 Pro Series မှာ အကြီးမားဆုံးအပြောင်းအလဲက ဘော်ဒီပိုင်းဖြစ်သည်။ ဘော်ဒီပိုင်းကို     တိုက်တေနီယံသတ္တုနဲ့ ပြုလုပ်ပေးထားခြင်းဖြစ်သည်။

တိုက်တေနီယံဖြစ်တဲ့အတွက် အရင်ကထက်စာရင် တော်တော်လေးတော့ပေါ့ပါးသွားသည်။ ပိုပြီးတော့လည်း အကြမ်းခံနိုင်လာသည်။

သူ့တိုက်တေနီယံက    အာကာသလေကြောင်းအဆင့်သုံး တိုက်တေနီယံမျိုးဖြစ်သည်။ ဒါကြောင့် တိုက်စားမှုဒဏ်ကို ခံလည်းခံနိုင်စွမ်းရှိသည်။

ဘေးပေါင်တွေကိုတော့  အရင်တုန်းလိုမျိုး ပြောင်လက်နေတဲ့ပုံစံမျိုးမဟုတ်ဘဲ ခြောက်သွေ့အကြမ်းခံတဲ့ ပုံစံမျိုးနဲ့ ဖန်တီးပေးထားခြင်းဖြစ်သည်။

သူ့ကိုကိုင်ရတဲ့အရသာက အရင်ကနဲ့မတူဘဲ လက်ထဲမှာ  ပိုင်ပိုင်နိုင်နိုင်ရှိလှသည်။ ဘေးပေါင်တွေက ပြောင်လက်နေတဲ့ပုံစံမျိုးမဟုတ်တဲ့အတွက် လက်ထဲကနေချော်ကျသွားမှာကို  သိပ်မစိုးရိမ်ရတော့ပေ။ အရွယ်အစားကလည်း ၆ ဒသမ ၇ လက်မရှိတဲ့အတွက် ခန့်ခန့်ထည်ထည်တော့ရှိလှသည်။

ဖုန်ဝင်ခံနိုင်မှုနဲ့ ရေအစိုခံနိုင်မှုပမာဏကလည်း IP68  အထိ    ရှိထားသည်။

ဒါကြောင့်  ရေအနက် ၆ မီတာ (၁၈ ပေ)မှာ မိနစ် ၃၀ ကြာ   အထားခံနိုင်မည်ဖြစ်သည်။

နောက်တစ်ခုက အားသွင်းပေါက်ဖြစ်သည်။ အရင်တုန်းက iPhone ဆိုတာနဲ့အားသွင်းပေါက်က Lightning  အမျိုးအစားကို   အသုံးပြုထားခြင်းဖြစ်သည်။ ဗစစူန က ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး သူ့ရဲ့ထုတ်ကုန်များအတွက်သာ သီးသန့်ဖြစ်သည်။

အခုတော့ Type-C အားသွင်းပေါက်ကို အသုံးပြုလာသည်။ ဥရောပကော်မရှင်ရဲ့ ကန့်ကွက်ချက်ကြောင့်ဟု ဆိုသည်။ ဒါကြောင့် သီးသန့်ဆန်တဲ့ ခံစားချက်တော့   မရနိုင်တော့ပေ။

အရင်တုန်းက iPhone ရဲ့ဘယ်ဘက်အပေါ်ခြမ်းမှာ ဖုန်းအသံပိတ်/ဖွင့်ခလုတ်ပါသည်။ အခုတော့ အဲဒီခလုတ်မပါလာတော့။ ဒါပေမဲ့ သူ့နေရာမှာ Action Key က ဝင်ရောက်နေရာယူလာသည်။

Action Key ရဲ့  လုပ်ဆောင်ချက်က အရင်ခလုတ်ထက်လုပ်ဆောင်နိုင်စွမ်းပိုများလာသည်။    တစ်နည်းဆိုရရင် လုပ်ဆောင်ချက်တော်တော်များများအတွက် Shortcut ဟုပင်ဆိုလို့ရသည်။

ဘက်ထရီပိုင်းမှာတော့ 4441 mAh ပမာဏရှိတဲ့ဘက်ထရီကို ထည့်ထားပေးသည်။ ဒီပမာဏက အရင်မော်ဒယ်မှာပါတဲ့ ဘက်ထရီထက် ၂ ဒသမ ၃ ရာခိုင်နှုန်းသာပိုများသည်။ ဒီလိုဆိုတော့ ဘက်ထရီပိုင်းမှာ သိသိသာသာပြောင်းလဲမှုမရှိ။ ပုဂ္ဂလိကစမ်းသပ်မှုတွေအရ   ဘာမှအသုံးမပြုဘဲ ဖုန်းဖွင့်ထားရုံပဲဆိုရင် ၁၁၈ နာရီခံသည်။ ဖုန်းပြောရင်တော့ ၂၅ နာရီ။ အင်တာနက်အသုံးပြုရင် ၂၄ နာရီနဲ့ ဗီဒီယိုကြည့်ရင် ၂၄ နာရီခံသည်။

အမြန်အားသွင်းစနစ်ကတော့ သိပ်အားရစရာမကောင်းသည်ကိုတွေ့ရသည်။ တခြားဖုန်းတွေက ၁၅ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်းကျော်ရနေချိန်မှာ Phone 15 Pro Max ကတော့ ၂၃ ရာခိုင်နှုန်းသာ တက်သည်။

အတွင်းပိုင်းကိုတစ်ချက်ကြည့်ရအောင်။

ဖုန်းတစ်လုံးရဲ့  အဓိကမောင်းနှင်အားဖြစ်တဲ့ Chipset အတွက် Apple A-17 Pro (3 nm) ကိုအသုံးပြုထားသည်။

Memory တွေအနေနဲ့ ဖုန်းအားလုံးကို RAM 8 GB ထည့်ပေးထားပြီး အချက်အလက် သိုလှောင်မှု အတွက်ကိုတော့ 256 GB မှသည် 1 TB အထိ   ရွေးချယ်နိုင်သည်။ ဒီဘက်ခေတ်ဖုန်းတစ်လုံးမှာ မရှိမဖြစ် အရေးကြီးလာတဲ့ ကင်မရာကိုဆက်ပြောပါမည်။ ကင်မရာမှာ နောက်ဘက်ကင်မရာက စုစုပေါင်းသုံးလုံးပါသည်။

သူ့မှာပါတဲ့   ကင်မရာတွေရဲ့ အချက်အလက်တွေကတော့    Wide (main) ကင်မရာက 48 MP ရှိသည်။ Telephoto အတွက် ကင်မရာက 12 MP နဲ့ Ultrawide angle အတွက်က  12 MP စီရှိကြသည်။ ရှေ့ဘက်ကင်မရာမှာ ဆိုရင်လည်း 12 MP ရှိတဲ့ကင်မရာကို အသုံးပြုပေးထားသည်။

အဲဒီကင်မရာတွေက သာမန်ကြည့်ရင် ရိုးရိုးဟု ထင်ကောင်းထင်နိုင်သည်။ ဒါပေမဲ့ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုများကိုပင် ရိုက်ကူးနိုင်သည်သာမက  ရုပ်ရှင်အတွက် ရိုက်ကူးမှုပုံစံနဲ့ 3D ဗီဒီယိုများကိုရိုက်ကူးမှု များအထိ စွမ်းဆောင်နိုင်သည်။

ဆက်သွယ်မှုပိုင်းအနေနဲ့ကတော့ အခုနောက်ဆုံးပေါ်   5G ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနိုင်တဲ့အပြင် eSIM၊ Dual SIM၊ Wi-Fi 6e၊ BT 5.3 နဲ့ NFC တို့ကိုပါ ထည့်သွင်းပေးထားသည်။

တခြားပါဝင်တဲ့ အထွေထွေလုပ်ဆောင်ချက်တချို့ကတော့ Face ID၊ accelero-meter၊ gyro၊ proximity၊ compass၊ barometer၊ stereo speakers၊ Ultra-Wideband 2 (UWB) support၊ Emergency SOS via satellite (SMS sending/receiving) တို့ဖြစ်သည်။

ဈေးနှုန်းမှာဆိုရင် 256 GB က အမေရိကန်ဒေါ်လာ ၁၁၉၉ ဒသမ ၉၉ ဒေါ်လာဖြစ်ပြီး 512 GB က ၁၃၉၉ ဒသမ ၉၉ ဒေါ်လာဖြစ်သည်။  1 TB ပမာဏရှိတဲ့ဖုန်းကတော့ ၁၅၉၉ ဒေါ်လာဖြစ်သည်။

iPhone နဲ့   တခြားဖုန်းတွေကြားမှာ ဘာတွေကွာဟနေလို့     iPhone ကို သဲသဲလှုပ်ဖြစ်နေကြတာလဲဆိုရင် ဒီလို ဥပမာလေးတစ်ခုနဲ့ပေးချင်သည်။

လေ့ကျင့်ခန်းတွေလုပ်ပြီး ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်ရှိနေတဲ့    ကျန်းမာသန်စွမ်းမှုမျိုးနဲ့ အသက် ၅၀ အရွယ် လူတစ်ယောက်နဲ့ သာမန်သာနေထိုင်ရှင်သန်နေတဲ့ တန်းတူအရွယ်လူတစ်ယောက်တို့ကြားက ကွာဟမှုလိုမျိုးဖြစ်သည်ဟု ဆိုပါရစေ။

ဒါကြောင့် အခုနောက်ဆုံးထွက်ထားတဲ့ iPhone 15 Pro Max က ဝယ်ကိုင်သင့်တဲ့ဖုန်းတစ်လုံးလားဆိုတော့ ကိုယ်ကိုင်နေတဲ့ iPhone က သိပ်မဟောင်းသေးဘူးဆိုရင်တော့ မဝယ်သင့်သေးပါဘူး။

ဒီလိုမှမဟုတ်ဘဲ ဂုဏ်ပုဒ်တစ်ခုအတွက် ဒါမှမဟုတ် ငွေကြေးချမ်းသာကြွယ်ဝသူတွေအတွက် ဆိုရင်တော့ ပြောစရာစကားမရှိပါဘူး။ Memory 1 TB ရှိတဲ့ဖုန်းကိုဝယ်ပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ   စိတ်ကြိုက်သာ ရိုက်ပစ်လိုက်ပါလို့သာ ပြောချင်ပါသည်။

Ref:GSM Arena