နယူးကာဆယ်အသင်းက အဓိကကွင်းလယ်ကစားသမား ဂူမာရေးစ်ကို တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် သန်း ၁၀၀ ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေ

နယူးကာဆယ်အသင်းက အဓိကကွင်းလယ်ကစားသမား ဂူမာရေးစ်ကို တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် သန်း ၁၀၀ ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေ

နယူးကာဆယ်အသင်းက အသင်းနှင့်အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့်    အဓိကကွင်းလယ်ကစား သမား ဂူမာရေးစ်ကို တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် သန်း ၁၀၀ ဖြင့် ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန်  နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်  ဂူမာရေးစ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလက  လိုင်ယွန်အသင်းမှ နယူးကာဆယ်အသင်းသို့ ပြောင်း ရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့် ပထမဆုံးဘောလုံး ရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ကာ ၁၇ ပွဲတွင် ငါးဂိုးအထိ သွင်းယူထားနိုင်သည်။

ထို့ပြင် ဂူမာရေးစ်သည် နယူးကာဆယ်အသင်းနှင့် ဒုတိယမြောက်ဘောလုံးရာသီအဖြစ် ပြီးခဲ့သည့်ဘောလုံး ရာသီကလည်း ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး  ပရီးမီးယားလိဂ်ပြိုင်ပွဲ၌   အကောင်းဆုံး ကွင်းလယ်ကစားသမားများတွင်   တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့သဖြင့် လက်ရှိ ဥရောပထိပ်တန်း အသင်းကြီးများက  ဂူမာရေးစ်ကိုခေါ်ယူရန်  စောင့်ကြည့်လာခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းနှင့်  ဂူမာရေးစ်တို့ချုပ်ဆိုသော စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး နယူးကာဆယ်အသင်းက  အဓိက ကစားသမားကို လက်မလွှတ်လိုသည့်အတွက်  ပြီးခဲ့သည့်ရက်ပိုင်းက စတင်ဆွေးနွေးပြီးနောက်   ယခုအခါ   သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

Ref;Sky Sports