မန်ယူအသင်း အဓိကခံစစ် ကစားသမားတစ်ဦးဖြစ်သည့် မာတီနက်ဇ် ခြေချင်းဝတ်ဒဏ်ရာကြောင့် သုံးလခန့်အနားယူရမည်ဟု အတည်ပြု

မန်ယူအသင်း အဓိကခံစစ် ကစားသမားတစ်ဦးဖြစ်သည့် မာတီနက်ဇ် ခြေချင်းဝတ်ဒဏ်ရာကြောင့် သုံးလခန့်အနားယူရမည်ဟု အတည်ပြု

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်း အဓိကခံစစ် ကစားသမားတစ်ဦးဖြစ်သည့် မာတီနက်ဇ်သည် အာဆင်နယ်အသင်းနှင့် ပွဲစဉ်မှရရှိသည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် သုံးလခန့်အနားယူရမည်ဟု မန်ယူအသင်းက အတည်ပြု ကြေညာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူခဲ့ရသည့်  မာတီနက်ဇ်သည်  ယခု ဘောလုံးရာသီအစပိုင်းတွင် ဒဏ်ရာပြန်လည်သက်သာလာပြီးနောက် အသင်းနှင့်ပွဲစဉ်များတွင် ပါဝင် ကစားခဲ့ကာ စက်တင်ဘာ ၄ ရက်က ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် ခြေချင်းဝတ် ဒဏ်ရာပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။

မာတီနက်ဇ်သည် အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သော်လည်း ဘရိုက်တန် အသင်းပွဲစဉ်နှင့် ဘိုင်ယန်မြူးနစ် အသင်းပွဲစဉ်တို့တွင် ပါဝင်ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ပွဲစဉ်အပြီးတွင် အနားယူခဲ့ခြင်းဖြစ်သည်။

မာတီနက်ဇ်၏ ခြေချင်းဝတ်ဒဏ်ရာနှင့် ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် သုံးလခန့်အနားယူရမည်ဖြစ်သည်။

မာတီနက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်သော်လည်း ကာလရှည်အနားယူခဲ့ပြီးနောက်   ပြန်လည်ကစားသည့်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရကြောင်း သိရသည်။                          

Ref;90Min