ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးအတွက်  မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်း၊  အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက်  လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့  မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်

ခွင့်ပြုရန်ပုံငွေဖြင့်  အမှတ်(၂)ရပ်ကွက်ရှိ  ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းကို  နိုဝင်ဘာဒုတိယပတ်မှစ၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ  သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်မှုဖြင့်  အရှည်ပေ ၆၄၀၊ အကျယ်၂ ပေနှင့် ထု ၂ ပေဖြစ်ပြီး  ခွင့်ပြုရန်ပုံငွေကျပ်  ၁၂ ဒသမ ၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း  မြို့စည်ပင်သာယာရေး အဖွဲ့မှ  သိရသည်။ 

 ဇင်လေး