အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့သူများ၏ စကားသံများ

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့သူများ၏ စကားသံများ

 

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့ရှိ အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)တွင် အောက်တိုဘာလ ၃ ရက်မှ ၅ ရက်အထိကျင်းပခဲ့သည်။ အဆိုပါ ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သူများ၏စကားသံများကို မြဝတီစာဖတ်ပရိသတ်များသိရှိစေရန် ပြန်လည်မျှဝေလိုက်ရပါသည်-

ဗိုလ်မှူးချုပ်ခင်အောင်ထွန်း(ဥက္ကဋ္ဌ၊ စာပေရေးရာ ဆပ်ကော်မတီ)

    အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲမှာ ကျွန်တော်က တော့ စာပေရေးရာ ဆပ်ကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ကျင်းပ ခဲ့တဲ့ပွဲဟာဆိုရင် သုတေသန စာတမ်းဖတ်ပွဲ ဖြစ်တဲ့အတွက် သုတေသနစာတမ်းတွေ၊ သုတေသနပိုစတာတွေ အဆင့်မီစွာနဲ့ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသာမက အရပ်ဘက်  ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားနှီးနွှယ်နေတဲ့ ဌာနတွေကနေ သုတေ သနစာတမ်းတွေ  တင်သွင်းနိုင်အောင် ကြိုတင်ဖိတ်ခေါ်ရပါတယ်။ ဒီလိုဖိတ်ခေါ်လို့ ကျွန်တော်တို့ဆီကို ပေးပို့လာတဲ့ စာတမ်းတွေ၊ ပိုစတာတွေကို ဒီစာတမ်းဖတ်ပွဲမှာ ညီလာခံ မှာတင်သွင်းဖို့ ဆီလျော်တဲ့ စာတမ်းများကို ရွေးချယ်ပြီးတော့ စာတမ်းရှင်များအသီးသီး နဲ့  အပြန်အလှန် ညှိနှိုင်းတည်းဖြတ်ပြီး တင်သွင်းဖို့အတွက် စာတမ်းတွေကို အပြီးသတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကော်မတီအနေနဲ့ ညီလာခံမှာပါဝင်မယ့် စာတမ်းနဲ့ပိုစတာအပြင် တခြားအစီအစဉ် များအတွက်ကိုလည်း ပါဝင်ဆောင်ရွက်မယ့် ပညာရှင်များ၊  အထူးကုများကိုလည်း အစည်းအဝေးခေါ်ယူပြီး စီစဉ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။  ဒီနှစ်ကျင်းပတဲ့ ဆေးသုတေသန စာတမ်းဖတ်ပွဲဟာ မြန်မာ့ တပ်မတော်အတွက် အကြိမ်(၃၀)မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၉)ကြိမ်အထိကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား အကြိမ်(၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့ မှာ ကျင်းပတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့   ဒီနှစ်က ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်ဆေးရုံရဲ့ နှစ်(၁၀၀)ပြည့် အခမ်းအနားနဲ့ သွားရောက် တိုက်ဆိုင်နေတာဖြစ်ပါတယ်။ ဒီနှစ်(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ပြင်ဦးလွင်မှာရှိတဲ့  တပ်မတော်ဆေးရုံကို ဂုဏ်ပြုသောအားဖြင့် အကြိမ်(၃၀)မြောက် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုလည်း ဒီမှာကျင်းပဖို့အတွက် ဆုံးဖြတ်ပြီး ပြင်ဦးလွင်မှာရှိတဲ့  တပ်မတော်ဆေးရုံ (ခုတင်- ၇၀၀)မှာ ညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ နောက်ထူးခြားချက်ကတော့ ဒီနှစ်ကျင်းပတဲ့ ညီလာခံရဲ့  Team  ကဆိုရင် ကျွန်တော်တို့ လက်ရှိကမ္ဘာကြီးမှာ တိုးတက် ပြောင်းလဲနေတဲ့ နည်းပညာတွေ၊ အသိပညာတွေ ဒါတွေနဲ့ပတ်သက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကလည်း တစ်ပြေးညီ လိုက်ပါပြောင်းလဲလျက် ရှိပါတယ်။  ဒီလို လိုက်ပါပြောင်းလဲလျက်ရှိတဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ပြုစုစောင့်ရှောက် မှုလုပ်ငန်းတွေကို ကျွန်တော်တို့တပ်မတော် ဆေးတပ်ဖွဲ့ဝင်တွေ အားလုံး သိရှိနားလည် အောင်၊ ဗဟုသုတရရှိအောင်၊ တတ်ကျွမ်းအောင်လို့ ကျွန်တော်တို့အနေနဲ့ စွမ်းအားဖြည့်ပေးဖို့ ဆောင်ရွက်ပေးနိုင်ရန် ဒီညီလာခံကို အဓိကထားပြီး ဆောင်ရွက်ပါတယ်။ နောက်တစ်ခုက ဒီညီလာခံမတိုင်ခင်မှာလည်း ညီလာခံအကြို  Work Shop များ၊ အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်ခဲ့ တာရှိပါတယ်။ အဲဒီအလုပ်ရုံ ဆွေးနွေးပွဲတွေကို  ရန်ကုန်မှာရှိတဲ့  တပ်မတော်ဆေး တက္ကသိုလ်မှာ ကျွန်တော်တို့ဦးစီးပြီးတော့ ပြီးခဲ့တဲ့ အပတ်ထဲမှာ ဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။ ဒီစာတမ်းဖတ်ပွဲမှာ စာတမ်းစုစု ပေါင်း ၇၂ စောင်နဲ့ သုတေသနပိုစတာ ၁၁၅ ခုတင်သွင်းခဲ့ပါတယ်။ စာတမ်းတွေ၊ ပိုစတာတွေအပြင် အခြားကဏ္ဍများလည်း ညီလာခံမှာ ထည့်သွင်းထားပါတယ်။ ဥပမာ- Symposium လို့ခေါ်တဲ့ အများစုပေါင်းပြီး   ခေါင်းစဉ်တစ်ခုကို  ဆွေးနွေးကြတဲ့ Symposium-23  ခုပါဝင်ပါတယ်။  

Special  Talk  လို့ခေါ်တဲ့ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှာ အထူးကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များ၊    ပြည်တွင်း/ပြည်ပက ကျွမ်းကျင်တဲ့    ပညာရှင်များကိုခေါ်ပြီး ဆောင်ရွက်တာဆိုရင် စုစုပေါင်းပညာရှင် ကိုးဦးက   ပြောဆိုဆွေးနွေးကြပါတယ်။

ထို့အတူ ဆေးရုံ၊ ဆေးတပ်ဖွဲ့တွေ အသီးသီးမှ  စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ လူနာများအကြောင်းကို   တင်ပြဆွေးနွေးကြတဲ့ Clinical   session  လိုဟာမျိုးတွေ၊ နောက်တစ်ခုက လူနာများနဲ့ ပတ်သက်ပြီး ရောဂါရှာဖွေရေးမှာ  အခက်အခဲရှိလို့ ပြဿနာရှိလို့  ဝိုင်းဝန်းပြဿနာ အဖြေရှာကြတဲ့ အစီအစဉ်ဖြစ်တဲ့ Clinicopathological Conference    လို  အစီအစဉ်တွေလည်း ပါပါတယ်။ ထို့အတူ တက်ရောက်လာတဲ့   ပရိသတ်အများစု စိတ်ဝင်စားလေ့ရှိကြတဲ့   Debate section  စကား အချေအတင်ပေါ့။ ဒီပညာရပ်ဆိုင်ရာတွေ  ဘာသာရပ်တစ်ခုအပေါ်   စကားအချေ အတင် စကားရည်လုပွဲ အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီနှစ်စကားရည် လုပွဲနဲ့ပတ်သက်ပြီး ခေတ်စားလာတဲ့ ဉာဏ်ရည်ထူးပေါ့လေ။ AI.artificial Intellige-nce နဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ  ဉာဏ်ရည်ထူး ကပြား လူသားတွေနေရာမှာ အစားထိုးလာမလား ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အကြိတ် အနယ် ဆွေးနွေးကြပါတယ်။

 အခုလို ညီလာခံတွေ နှစ်စဉ်ကျင်းပပါတယ်။ အဲလိုကျင်းပခြင်းအားဖြင့် အကျိုး ကျေးဇူး အများကြီးရရှိပါတယ်။ ညီလာခံတွေ ကျင်းပရခြင်း အဓိကရည်ရွယ်ချက် ကတော့  ဆေးဝန်ထမ်းတပ်ဖွဲ့မှာရှိတဲ့ ဆေးရုံ၊ ဆေးတပ်ရင်းတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ ပါရဂူတွေ၊ ဆေးမှူးတွေ၊ သူနာပြုတွေ၊ အခြားကျွမ်းကျင်ပညာရှင်တွေဟာ သုတေသန လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေအောင် အားပေးတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုသုတေသနလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်းအားဖြင့် ဒီညီလာခံက သူတို့ရဲ့သုတေသန လုပ်ငန်းတွေကို လာမှတ်ကျောက်တင်တာ ဖြစ်ပါတယ်။ ဒီသဘောလည်းရှိပါတယ်။ နောက်တစ်ခု က အနယ်နယ် အရပ်ရပ်က ဆေးပညာရှင် တွေလည်း လာရောက် တက်ရောက်ကြတဲ့ အတွက် အချင်းချင်း အသိပညာ ဗဟုသုတ တွေဖလှယ်ခြင်းအားဖြင့် အသိဉာဏ်တွေကို တိုးပွားစေမှာဖြစ်ပါတယ်။ နောက်ရည်ရွယ် ချက်တစ်ခုကတော့ နောင်အနာဂတ်မျိုးဆက်သစ်ဆရာဝန်များ၊ ပါရဂူများကို သုတေသန လုပ်ချင်စိတ်ပေါ်ပေါက်လာအောင်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆေးပညာရပ်ကို တစ်နည်းတစ်ဖုံ တိုးတက်အောင် ကြိုးစား ချင်စိတ်တွေပေါ်ပေါက်လာအောင် ဆောင် ရွက်တာဖြစ်ပါတယ်။ ဒီနှစ်မှာတက်ရောက် လာတဲ့သူတွေအထဲမှာ    ပြည်တွင်းက တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်တွေအပြင် အရပ်ဘက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားနှီးနွှယ်တဲ့ ဝန်ကြီးဌာနအသီးသီးမှ လာပြီးတက်ရောက်ကြသလို  နိုင်ငံတကာမှ တက်ရောက်လာတဲ့   ကိုယ်စားလှယ်တွေ၊ အာဆီယံ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း နိုင်ငံခြောက်နိုင်ငံမှ ကိုယ်စားလှယ်တော်ကြီးများလည်း တက်ရောက်ပြီး   စာတမ်းဖတ်ကြားတာတွေ၊ ဝင်ရောက်ဆွေးနွေး တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

 

ဗိုလ်မှူးစိုးမင်းအောင်(အထွေထွေရောဂါ အထူးကုပါရဂူ၊ အမှတ်(၂)တပ်မတော် ဆေးရုံ (ခုတင်-၇၀၀)၊ အောင်ပန်းမြို့) 

    ကျွန်တော့်အနေနဲ့ ဆေးပညာနှီးနှော ဖလှယ်ပွဲနဲ့ နှစ်(၁၀၀)ပြည့်ပွဲကို တက်ရောက် ရတဲ့အတွက် အထူးပင် ဝမ်းသာကြည်နူးမိ ပါတယ်။ ဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပ ပေးရတဲ့ ရလဒ်တွေကတော့ ငယ်စဉ်ဘ၀ ကတည်းက တပ်မတော်ဆေးတက္ကသိုလ် မှာ ဆေးပညာ သင်ကြားပေးခဲ့တဲ့ ဘာသာအသီးသီးမှ ဆရာတွေနဲ့ ပြန်တွေ့ရတယ်။

စီနီယာ၊ ဂျူနီယာသူငယ်ချင်းများနဲ့ ပြန်တွေ့ရတယ်။ ပြီးတော့ CONFERENCE မှာတွေ့ရတဲ့  ပိုစတာတွေမှာဆိုရင်လည်း ကျွန်တော်တို့ရဲ့ GENERAL MEDICINE တွေပါမက တခြား SPECIALIT-IES u RESEARCH  PAPER တွေကို လည်းလေ့လာလို့ရပါတယ်။ ဖတ်ကြား တင်ပြမှုတွေ PRESENTATION လုပ်တဲ့ ဟာတွေကိုလည်း ကျွန်တော်တို့ လေ့လာလို့ ရပါတယ်။ နောက်တစ်ခုက ဒီမှာပြုလုပ်တ MAIN SYMPOSIUM တွေ CLINICAL  PATHOLOGICAL SESSION အဲအတွက်က ကျွန်တော်တို့ရဲ့ လူနာတွေကုတဲ့ အခါမှာပဲဖြစ်ဖြစ်၊ RESEARCHတွေ စာတမ်းတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် CASE  REPORTတွေ လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် medical education  ဆေးပညာသင်ကြားရေးမှာပဲဖြစ်ဖြစ် ပြန်ပြီး အထောက်အကူဖြစ် စေပါတယ်။ ဆက်လက်ပြီး ကိုယ့်မြန်မာနိုင်ငံရဲ့ ပွဲမှာ တက်ရတဲ့အတွက် နှီးနှောဖလှယ်ပွဲ မှာပြုလုပ်တဲ့ လုပ်ပုံကိုင်နည်းတွေကို သိရှိရပြီး နိုင်ငံခြားမှာ CONFERENCE  သွားတက် တဲ့အခါကျရင် နိုင်ငံခြားမှာ လုပ်တဲ့ CONFERENCE တွေနဲ့ယှဉ်တွဲပြီး အားနည်းချက် အားသာချက်များကို အတုယူပြုပြင်လို့ရပါတယ်။ ခုလိုပွဲတွေ ကျင်းပပေးလို့ရရှိလာတဲ့ အကျိုးအမြတ်တွေ အနေနဲ့ကတော့ MEDICAL PROFESSIONALSတွေ အားလုံးကို စည်းစည်းလုံးလုံးနဲ့ ပြန်တွေ့ရ တယ်။ ဒါတွေဟာလည်း ခုလို ဃဥြၤ-နျွနဃြန တွေလုပ်ပေးမှ ရရှိတဲ့အကျိုး ကျေးဇူးတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးရုံမှာပဲဆိုရင် ဆေးရုံအသိုင်းအဝိုင်းထဲမှာပဲ ကျင်လည်နေရတာဖြစ်ပြီး ခုလို CONFERENCEတွေ လုပ်မှသာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ MEDICAL PROFESS-IONALS တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်လည်တွေ့ရှိရပြီး သူ့ရဲ့ခံစားချက်အတွေ့ အကြုံ ကိုယ့်ရဲ့ခံစားချက်နဲ့ အတွေ့အကြုံ ထင်မြင်ယူဆချက်တွေကို ပြန်လည်မျှဝေတဲ့ အကျိုးကျေးဇူးတွေကို ရရှိပါတယ်။ နောက်တစ်ချက်ကတော့    ခုဒီပွဲမှာ သင်ပြတဲ့  SYMPOSIUM တွေ၊ ပိုစတာတွေဆိုရင် ကျွန်တော်တို့အတွက် အများကြီး အထောက် အကူပြုပါတယ်။ ကျွန်တော်တို့က ကုသနေ တဲ့လူနာတွေ အပေါ်မှာ နောက်ထပ် ဆက်လုပ် မယ့်အလုပ်ထဲတွေမှာ SYMPOSIUM တွေ၊ ပိုစတာတွေ၊ TALK တွေ၊ CLINI-CAL PATHOLOGICAL SESSION တွေကိုလိုက်ကြည့်ပြီး နောက်ထပ်ဆက် လက် တိုးတက်အောင် ဘာလုပ်ရမလဲဆိုတာ တစ်ဦးချင်းစီရဲ့ PERSONAL DEVEL-OPMENTတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ အဲဒီလိုတစ်ဦးချင်းစီ တိုးတက်မှသာ ကျွန်တော်တို့ရဲ့  ဆေးတပ်ဖွဲ့ကြီးက တိုးတက်လာမှာဖြစ်ပါတယ်။   ဒါမှသာ ကျွန်တော်တို့ကို သင်ကြားပေးတဲ့ ဆရာတွေရဲ့ ကျေးဇူးကို ဆပ်ရာရောက်မှာဖြစ်ပါတယ်။ ဒီပွဲကျင်းပပေးတဲ့ တပ်မတော်အကြီးအကဲတွေကို ကျွန်တော့်အနေနဲ့ အထူးပဲကျေးဇူး တင်ပါတယ်။ မြဝတီစာဖတ်ပရိသတ်တွေ ကိုလည်း ကျန်းမာရေး အသိပညာပေး နှီးနှော ဖလှယ်ပွဲတွေကို တက်ရောက်နိုင်အောင် ကြိုးစားစေလိုကြောင်း ပြောကြားလိုပါ တယ်။

 

ဗိုလ်ကြီးကိုကိုဝင်း(ရောဂါဗေဒပါရဂူ၊ တပ်မတော်ဆေးသုတေသနတပ်)

    ကျွန်တော် အကြိမ်(၃၀)မြောက်ဆေး ပညာနှီးနှောဖလှယ်ပွဲမှာ CASE တစ်ခုကို CLINICOPATHOLOGICAL SESSION မှာဖတ်ကြားခဲ့ပါတယ်။ အခုလိုပွဲ မျိုးတွေ ကျင်းပပေးတဲ့အတွက် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့ ကျွန်တော်တို့ တပ်မတော်မှာ ပြောင်းလဲနေတဲ့ ဆေးပညာ ကုထုံးတွေ၊ ရောဂါရှာဖွေရေး နည်းစနစ်တွေနဲ့အတူ နိုင်ငံတကာ အရပ်ရပ်ကလာ ရောက်ပြီး စာတမ်းများ ဖတ်ကြားတဲ့အတွက် ကျွန်တော်တို့  ဆေးဝန်ထမ်းတပ်ဖွဲ့တွေ အတွက်  များစွာမှ အကျိုးကျေးဇူးရရှိပါတယ်။ ဒီပွဲကိုကျင်းပပေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့တကွ တပ်မတော် အရာရှိကြီးများ၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးနှင့် ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် နေတဲ့ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ၊ကျွမ်းကျင်အရာရှိများအားလုံးကို အထူးပင် ကျေးဇူးအထူးပင်တင်ရှိပါတယ်။   မြဝတီ စာဖတ်ပရိသတ်များ အတွက် ကျန်းမာရေး စကားလက်ဆောင်အနေနဲ့ ပြောချင်တာ ကတော့ တပ်မတော်သား မိသားစုဝင်တွေနှင့်တကွ  ပြည်သူလူထု အားလုံးအတွက် ကျန်းမာရေးကို ကျွန်တော်တို့ဆေးဝန်ထမ်း  တပ်ဖွဲ့များက   ၂၄ နာရီအချိန်ပြည့် တာဝန်ထမ်းဆောင်ပြီး လိုအပ်တဲ့အချိန်တိုင်း ကျွန်တော်တို့ဆေးတပ်ဖွဲ့က နေရာ မရွေး  ဒေသမရွေး  လာရောက်ကုသပေးမယ်ဆိုတဲ့ အကြောင်း ပြောကြားလိုပါတယ်။  ။