ကိုယ်ကအပြင်မှာရောက်နေလည်း ကိုယ့်အိမ်ကို အမြဲတမ်းစောင့်ကြည့်နိုင်မယ့် AI ကင်မရာ

ကိုယ်ကအပြင်မှာရောက်နေလည်း ကိုယ့်အိမ်ကို အမြဲတမ်းစောင့်ကြည့်နိုင်မယ့် AI ကင်မရာ

 

    ဒီကနေ့ခေတ်အခြေအနေအရ အိမ်တိုင်းအိမ်တိုင်းမှာ လုံခြုံရေး ကင်မရာများတပ်ထားမှသာ အဆင်ပြေကြတော့မယ့် အခြေအနေ ဖြစ်လာနေပြီလို့ ပြောလို့ရပါတယ်။

တကယ်လို့ ကိုယ်ကအပြင်သွားနေချိန် ကိုယ့်အိမ်ဖောက်ထွင်း ခံရတယ်ဆိုရင် ဘယ်သူတွေက  အိမ်ကိုဖောက်ထွင်းသွားတယ် ဆိုတာကို လုံခြုံရေးကင်မရာက ပြန်ပြောပြနိုင်တော့ တရားခံကို အလွယ်တကူဖမ်းမိနိုင်တာပေါ့။

ဒီအတွက် eufy ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အိမ်တွင်းသုံး လုံခြုံရေးကင်မရာ S350 က အဆင်ပြေမယ်လို့ ယူဆရပါတယ်။ သူက သာမန်ကင်မရာတော့ မဟုတ်ပါဘူး။ AI  နည်းပညာကို အသုံးပြုထားတဲ့အပြင် 4K ရုပ်ထွက်ကိုပါ ပေးစွမ်းနိုင်ပါတယ်။

ကင်မရာနှစ်လုံးပါပြီး 4K အရည်အသွေးရှိတဲ့ ရုပ်ထွက်ကို  ပေးစွမ်းနိုင်တာကြောင့်  ကိုယ့်အိမ်ကြမ်းပြင်မှာ ကျနေတဲ့အပ်တို တစ်ချောင်းကိုတောင်မှ  မြင်နိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။  ကိုယ်မြင်ချင်တဲ့မြင်ကွင်းက အဝေးရောက်နေတယ် ဆိုရင်လည်း စိုးရိမ်စရာမလိုပါဘူး။ ကင်မရာမှန်ဘီလူးကို ၈ ဆအထိချဲ့နိုင်တာကြောင့် မြင်ကွင်းက ဝေးနေလည်း အေးဆေးပါပဲ။

နောက်တစ်ချက်က   ပတ်ပတ်လည် လှည့်ပတ်နိုင်တဲ့အပြင် အထက်အောက် လှည့်ပတ်မှုကိုပါ လုပ်ဆောင်နိုင်တဲ့အတွက် ကိုယ့်ရဲ့အခန်းတွင်း အခြေအနေကို ၃၆၀ ဒီဂရီပုံစံမျိုးနဲ့ မြင်တွေ့နိုင်ဦးမှာပါ။

တကယ်လို့များ   မသမာသူတွေက ကိုယ့်အိမ်ကို ညဘက်မှာ ချဉ်းကပ်လာတယ်ဆိုရင် ညဘက်မှောင်နေလို့ ဘာမှမမြင်ရတော့ဘူးလို့ မထင်ပါနဲ့။

f/1.6 aperture ဆင်ဆာနဲ့ အနီအောက် ရောင်ခြည်များကြောင့် ညဘက် အမှောင်ထဲမှာတောင်မှ သူဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်ပါတယ်။

သူ့မှာပါဝင်တဲ့   AI    စနစ်နဲ့ အလိုအလျောက်မြင်ကွင်းအချုံ့/ အချဲ့စနစ်ကြောင့် ကိုယ့်အခန်းတွင်းမှာရှိတဲ့ မိသားစုဝင်များနဲ့ အိမ်မွေးတိရစ္ဆာန်များ အနေနဲ့ ဘာတွေလုပ်နေလဲဆိုတာကို မျက်စိဒေါက်ထောက်ကြည့်နိုင်မှာပါ။

eufy S350 လုံခြုံရေးကင်မရာက နေအိမ်မှာ ကိုယ်မရှိပေမယ့် အိမ်ထဲကို ကိုယ်ရောက်နေသလိုမျိုးခံစားချက်အပြင် စိတ်လုံခြုံမှုကိုပါ ပေးစွမ်းနိုင်စေမှာဖြစ်ပါတယ်။