ကိုယ့်ရဲ့ရေကူးကန်ကို အမြဲတမ်း သန့်ရှင်းပေးမယ့် ကြိုးမဲ့ သန့်ရှင်းရေးစက်

ကိုယ့်ရဲ့ရေကူးကန်ကို အမြဲတမ်း သန့်ရှင်းပေးမယ့် ကြိုးမဲ့ သန့်ရှင်းရေးစက်

 

    ကိုယ့်အိမ်မှာရှိတဲ့ရေကူးကန်ကို သန့်ရှင်းရေးလုပ်ဖို့အတွက် အရင်လိုပဲ ကြိုးတန်းလန်းနဲ့ ရေကူးကန်သန့်ရှင်းရေး စက်ကိုအသုံးပြုနေတုန်းပဲဆိုရင် Blue Necxus ကသင့်ကို ပြောင်းလဲမှုတွေ ဖန်ဆင်းပေးပါလိမ့်မယ်။

Blue Nexus ဆိုတာ ရေကူးကန်ထဲမှာရှိတဲ့ အမှိုက်သရိုက်တွေ၊ ခဲလုံးအစအနတွေကို   အလိုအလျောက်သန့်ရှင်းရေး လုပ်ပေးနိုင်တဲ့ ကြိုးမဲ့သန့်ရှင်းရေး စက်လေးဖြစ်ပါတယ်။

ပထမဆုံးကြိုးမဲ့ဒီဇိုင်းကြောင့် အရင်လိုမျိုး ကြိုးတွေတန်းလန်းနဲ့ ရှုပ်ထွေးစေတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကြိုးအရှည်အကန့်အသတ်ရှိလို့  တခြားသန့်ရှင်းရေး စက်တွေမရောက်နိုင်တဲ့ နေရာတွေကိုလည်း Blue Nexus  က ရောက်ရှိဦးမှာဖြစ်တဲ့အတွက် ရေကူးကန်ကို  နေရာလပ်မကျန် သန့်ရှင်းစေမှာပါ။

ကြိုးမဲ့ဖြစ်လို့ တစ်ခုခုနဲ့တိုက်မိပြီး ပျက်စီးသွားမှာမျိုးကို    စိုးရိမ်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့   အတားအဆီးမဲ့ သွားလာနိုင်တဲ့ စနစ်ပါဝင်လို့ပါပဲ။

ရေထဲမှာရှိတဲ့  အမှိုက်သရိုက်တွေကို စုပ်ထုတ်ဖို့အတွက်လည်း စုပ်အား ၁၆၅ ဝပ်တောင်ပါတဲ့  မော်တာ တပ်ဆင်ထားပါ တယ်။ ဒါကြောင့်တစ်နာရီကို  ၁၇  ကုဗမီတာနှုန်းနဲ့ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုရေကူးကန်ပုံစံမျိုးပဲဖြစ်ပါစေ၊  ဘယ်လိုအမှိုက်သရိုက်မျိုးပဲဖြစ်ပါစေ သူ့အတွက် အထူးပြုလုပ်ထားတဲ့ ဘရပ်နဲ့  ဆိုင်ကလုန်း စုပ်ခွက်နည်းပညာတို့ကြောင့် ရေကူးကန်ကို အမှိုက်တစ်စမကျန် သန့်ရှင်းစေမှာပါ။

သူ့မှာ 3D လမ်းကြောင်းထိန်းစနစ် ပါဝင်ပါသေးတယ်။ အဲဒီစနစ်က နှုန်းလွန်အသံလှိုင်းနည်းပညာ၊ အနီအောက်ရောင်ခြည်သုံးလေဆာများအစရှိတဲ့ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားတာပါ။ အတားအဆီးများကို   ကျော်ဖြတ်ဖို့ အတွက်ကတော့ နောက်ထပ်  အာရုံခံကိရိယာ  ၁၂ လုံးနဲ့ အထက်ပါဝင်ပါသေးတယ်။

Blue  Nexus မှာ သန့်ရှင်းရေးလုပ်နိုင်တဲ့ နည်းလမ်းငါးမျိုးပါပါတယ်။ အဲဒါတွေက စမတ်သန့်ရှင်းရေး၊  ရေကူးကန်ကြမ်းပြင်သန့်ရှင်းရေး၊ ရေကူးကန်နံရံ သန့်ရှင်းရေး၊ ရေကူးကန်ပတ်ပတ်လည် သန့်ရှင်းရေးနဲ့ အဝေးထိန်းစနစ်သုံး သန့်ရှင်းရေးစနစ်တို့ပါပဲ။ သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲကတစ်ခုက ရေကူးကန်နံရံတွေပေါ်ကို သာမက ရေကူးကန်အတွင်းရှိ လှေကားထစ်တွေကိုပါ    အလွယ်တကူ တက်နိုင်ခြင်းဖြစ်ပါတယ်။

တစ်ကြိမ်အားသွင်းထားပြီးရင် အချိန် ၃ နာရီခွဲ အသုံးပြုနိုင်မှာဖြစ်သလို အပလီကေးရှင်းနဲ့လည်း ချိတ်ဆက်ထားနိုင်တဲ့အပြင်   အမှိုက်သရိုက်တွေ ထည့်သိမ်းဖို့ ၄ လီတာခွဲဆန့် အကန့်တစ်ခုလည်း ပါဝင်ပါသေးတယ်။