စပိန်လာလီဂါပြိုင်ပွဲ၏ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမားဆုကို ဆိုစီဒက်စ်အသင်းမှ တိုက်စစ်မှူး ကူဘို ဆွတ်ခူး

စပိန်လာလီဂါပြိုင်ပွဲ၏ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမားဆုကို ဆိုစီဒက်စ်အသင်းမှ တိုက်စစ်မှူး ကူဘို ဆွတ်ခူး

 

    စပိန်လာလီဂါပြိုင်ပွဲ၏  စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရီးယဲလ် မက်ဒရစ်အသင်းမှ ဘယ်လင်ဟမ်အား ကျော်ဖြတ်၍ ဆိုစီဒက်စ်အသင်းမှ လူငယ်တိုက်စစ်မှူး ကူဘိုကဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။

ကူဘိုသည်   ယခုဘောလုံးရာသီတွင်   ဆိုစီဒက်စ် အသင်းနှင့်အတူ    အကောင်းဆုံး ခြေစွမ်းပြနေပြီး အဓိက  ကစားသမားအဖြစ်  ပွဲထွက်ခွင့်ရရှိနေကာ စက်တင်ဘာလအတွင်း ကစားသည့် ပွဲစဉ်လေးပွဲတွင် လေးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ ပြီးနောက်   တစ်လတာအကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်လာလီဂါပြိုင်ပွဲ၏   စက်တင်ဘာလအတွက် တစ်လတာ  အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းတွင် ကူဘိုသည် ရီးယဲလ် မက်ဒရစ်အသင်းမှ  ဘယ်လင်ဟမ်နှင့်   ဘာစီလိုနာ အသင်းမှ  တိုက်စစ်မှူး  လီဝန်ဒေါစကီးတို့နှင့်အတူ ပါဝင်လာသော်လည်း ကူဘိုက ၎င်းင်းတို့ကိုကျော်ဖြတ်ပြီး ကစားသမားဘ၀ စပိန်လာလီဂါတစ်လတာ အကောင်းဆုံး ကစားသမားဆုကို ပထမအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကူဘိုသည်  ဘာစီလိုနာအသင်း အကယ်ဒမီထွက် ကစားသမားဖြစ်သော်လည်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ရီးယဲလ်မက်ဒရစ်အသင်းနှင့် စတင်ခဲ့ပြီး အသင်းတွင် ပွဲထွက်ခွင့် မရရှိသည့်အတွက်  ၂၀၂၂ ခုနှစ်က ဆိုစီဒက်စ်အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။