ရုရှားက ဟိုက်ဒရိုဂျင် စွမ်းအင်သုံး လျှပ်စစ်လှေကို စမ်းသပ်  

ရုရှားက ဟိုက်ဒရိုဂျင် စွမ်းအင်သုံး လျှပ်စစ်လှေကို စမ်းသပ်  

 

  ရုရှားနိုင်ငံရှိ  IT ကုမ္ပဏီတစ်ခုဖြစ်သော Sitronics Group က   ဟိုက်ဒရိုဂျင် စွမ်းအင်သုံး လျှပ်စစ်လှေကို    နေဗာမြစ် အတွင်းမှာ စမ်းသပ်လိုက်နိုင်ပြီဖြစ်သည်။

ယခုအချိန်တွင်   ရှေ့ပြေးပုံစံသာရှိနေသေးသော လျှပ်စစ်လှေက လျှပ်စစ်ဓာတုစက်ကို တပ်ဆင်ထားခြင်းဖြစ်သည်။ ထိုစက်က ဟိုက်ဒရိုဂျင်များကို လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲပေးခြင်းဖြစ်သည်။

ဟိုက်ဒရိုဂျင်ဆိုသည်မှာ ဂေဟစနစ်နှင့် ကိုက်ညီပြီး လိုက်လျောညီထွေမှုနှင့် အာမခံချက်ရှိသော လောင်စာစွမ်းအင် တစ်မျိုးဖြစ်သည်။ ထို့ပြင် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုအသုံးပြုခြင်းကြောင့်  ခရီးအကွာအဝေးကိုလည်း ပိုမိုရောက်ရှိစေနိုင်သည်။

ဟိုက်ဒရိုဂျင်စွမ်းအင်ကို အသုံးပြုထားပါက    လူစီးလျှပ်စစ်လှေတစ်စင်းသည် နာရီ ၂၀ ကြာသည်အထိ ဆက်လက်ခရီး သွားနိုင်ကြောင်းနှင့်   လမ်းတွင်မည်သည့်နေရာမှာမှ လောင်စာထပ်ဖြည့်ရန် မလိုအပ်ကြောင်း သိရသည်။