(၁၈၉)ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းပွဲ ကျင်းပ

(၁၈၉)ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းပွဲ ကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၂

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား (၁၈၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်ရှိ လောကမာရဇိန်ဘုရားမှ စစ်ကဲကုန်းရပ်ကွက်၊ ဝတ်ကြီးဘုရား အထိ ပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်  စိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  စေတနာရှင်အလှူရှင်များက ဆွမ်းလောင်းလှူပွဲသို့ ကြွရောက် လာကြသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်  စုစုပေါင်း ၈၀၂၅ ပါးတို့ကို  ဆွမ်းတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ် လောင်းလှူကြကြောင်း သတင်းရရှိ သည်။