ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ အခြေစိုက် Universa Global ကုမ္ပဏီ တည်ထောင်သူနှင့် စီမံခန့်ခွဲရေး မိတ်ဖက်ဖြစ်သူ Mr. Alexander Borodich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၂

    ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အခြေစိုက် Universa Global  ကုမ္ပဏီတည်ထောင်သူနှင့်    စီမံခန့်ခွဲရေး မိတ်ဖက်ဖြစ်သူ Mr. Alexander Borodich  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။