ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဈေးကွက်တန်ကြေး အများဆုံး အသင်းစာရင်းတွင် မန်စီးတီးအသင်း ထိပ်ဆုံး၌ရပ်တည်ပြီး လူတန်အသင်းက အနည်းဆုံး အသင်းအဖြစ်ရပ်တည်

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဈေးကွက်တန်ကြေး အများဆုံး အသင်းစာရင်းတွင် မန်စီးတီးအသင်း ထိပ်ဆုံး၌ရပ်တည်ပြီး လူတန်အသင်းက အနည်းဆုံး အသင်းအဖြစ်ရပ်တည်

 

    ယခုဘောလုံးရာသီ      ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဈေးကွက်တန်ကြေး အများဆုံး အသင်းစာရင်းတွင်    မန်စီးတီးအသင်းက ထိပ်ဆုံး၌ ရပ်တည်နေပြီး အနည်းဆုံးအသင်းအဖြစ်     တန်းတက် လူတန်အသင်းက ရပ်တည်နေကြောင်း သိရသည်။

မန်စီးတီးအသင်း၏  လက်ရှိဈေးကွက် တန်ကြေးမှာ စတာလင်ပေါင် ၁ ဒသမ ၂၆ ဘီလီယံ အထိရှိကာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများတွင် ဈေးကွက်တန်ကြး အများဆုံးအသင်းအဖြစ်   ရပ်တည်နေပြီး လူတန်အသင်း၏ လက်ရှိဈေးကွက် တန်ကြေးမှာ စတာလင်ပေါင် ၈၆ သန်းသာ ရှိသည့်အတွက် ဈေးကွက် တန်ကြေး အနည်းဆုံးအသင်းအဖြစ် ရပ်တည်ခြင်းဖြစ်သည်။

ယခုဘောလုံးရာသီ    ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းများ၏ ဈေးကွက်တန်ကြေး အများဆုံးအသင်း စာရင်းတွင် မန်စီးတီးအသင်းပြီးလျှင် ထိပ်တန်းကစားသမားများကို စုဖွဲ့ထားနိုင်သည့် အာဆင်နယ်အသင်းက    စတာလင်ပေါင်  ၁  ဒသမ  ၁  ဘီလီယံဖြင့်  အဆင့်(၂)နေရာ၌ ရပ်တည်လျက်ရှိသည်။

ယခုဘောလုံးရာသီ   ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများ၏ ဈေးကွက်တန်ကြေး အများဆုံးအသင်း ၁၀ သင်းစာရင်းတွင် မန်စီးတီးအသင်းနှင့် အာဆင်နယ် အသင်းတို့နောက်၌   ချယ်လ်ဆီးအသင်းက စတာလင်ပေါင် ၉၉၉ သန်းဖြင့် အဆင့်(၃)၊ လီဗာပူးအသင်းက စတာလင်ပေါင်  ၈၇၇ သန်းဖြင့် အဆင့်(၄)၊ မန်ယူအသင်းက စတာလင်ပေါင် ၈၇၆ သန်းဖြင့် အဆင့်(၅)၊ စပါးအသင်းက စတာလင်ပေါင် ၇၄၈ သန်းဖြင့် အဆင့်(၆)၊ နယူးကာဆယ်အသင်းက စတာလင်ပေါင် ၆၅၁ သန်းဖြင့် အဆင့်(၇)၊ အက်စ်တွန်ဗီလာ အသင်းက စတာလင်ပေါင် ၆၃၁ သန်းဖြင့်   အဆင့်(၈)၊ ဝက်စ်ဟမ်းအသင်းက စတာလင်ပေါင် ၄၇၁ သန်းဖြင့် အဆင့် (၉)နှင့် ဘရိုက်တန်အသင်းက စတာလင်ပေါင် ၄၆၈ သန်းဖြင့် အဆင့်(၁၀)၌   အသီးသီး ရပ်တည်နေကြောင်း သိရသည်။