ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့်  Raphael International, Republic of Korea တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့်  Raphael International, Republic of Korea တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

 

နေပြည်တော် အောက်တိုဘာ ၁၃

    ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ဆေးတက္ကသိုလ်(၂)  ရန်ကုန်နှင့်  Raphael International, Republic of Korea တို့အကြား ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်အတွက် ငါးနှစ်သက်တမ်းရှိ နားလည်မှု စာချွန်လွှာ (Letter of Intent)) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ကျန်းမာရေး  လူ့အရင်းအမြစ် ဦးစီးဌာန၌ ကျင်းပရာ   ဆေးတက္ကသိုလ်(၂)ရန်ကုန် ပါမောက္ခချုပ်     ပါမောက္ခ  ဒေါက်တာ အေးအေးခင်နှင့် Raphael International, Republic of Korea  ၏ Director Ms. Sunghae Kwon  တို့  လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။ 

အဆိုပါ   နားလည်မှုစာချွန်လွှာအရ ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့် Raphael International တို့သည် ဆေးပညာ သင်ကြားရေးနယ်ပယ်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သင်တန်းများပေးခြင်း၊ ကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ခေတ်မီဆေးကုသမှု နည်းလမ်းများနှင့် ဆေးပစ္စည်းများ မိတ်ဆက်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။