မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ကမ္ဘာ့အဆင့်(၇၈) နှင့် အာဆီယံအဆင့်(၄) နေရာ၌ရပ်တည်

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ကမ္ဘာ့အဆင့်(၇၈) နှင့် အာဆီယံအဆင့်(၄) နေရာ၌ရပ်တည်

 

    စက်တင်ဘာလအတွက်   ကမ္ဘာ့ဖူဆယ် အဆင့်သတ်မှတ်ချက်များကို   ထုတ်ပြန်ကြေညာခဲ့ရာ  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကမ္ဘာ့အဆင့် သတ်မှတ်ချက် ငါးဆင့်အထိမြင့်တက်လာပြီး ကမ္ဘာ့အဆင့်(၇၈)  နှင့် အာဆီယံအဆင့် (၄)   နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် ပြီးခဲ့သည့် AFC  Futsal  Asian  Cup 2024  ပြိုင်ပွဲ  ခြေစစ်ပွဲအဆင့်တွင်  ရလဒ်ကောင်းများရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်လည်း မြင့်တက်လာခြင်းဖြစ်သည်။

စက်တင်ဘာလအတွက်   ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ    အာဆီယံဇုန်တွင် ထိုင်းအသင်းက ကမ္ဘာ့အဆင့် နှစ်ဆင့်မြင့်တက်ပြီး  ကမ္ဘာ့အဆင့်(၂၆)နှင့်  အာဆီယံအဆင့်(၁)၊ ဗီယက်နမ်အသင်းက နှစ်ဆင့်မြင့်တက်လာပြီး    ကမ္ဘာ့အဆင့်(၃၇)နှင့် အာဆီယံအဆင့်(၂)၊ အင်ဒိုနီးရှားအသင်းက သုံးဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့်(၄၀)နှင့် အာဆီယံအဆင့်(၃)၊ မြန်မာအသင်းက ငါးဆင့်မြင့်တက်လာပြီး ကမ္ဘာ့အဆင့်(၇၈)နှင့် အာဆီယံအဆင့်(၄)၊ မလေးရှားအသင်းက နှစ်ဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့်(၇၉)နှင့် အာဆီယံအဆင့်(၅)၊ စင်ကာပူအသင်းက နှစ်ဆင့်မြင့်တက်လာပြီး ကမ္ဘာ့အဆင့်(၁၁၇)နှင့် အာဆီယံအဆင့်(၆)၊ လာအိုအသင်းက ကမ္ဘာ့အဆင့်(၁၂၀)နှင့် အာဆီယံအဆင့်(၇)၊  တီမောလက်စ်တေအသင်းက တစ်ဆင့်မြင့်တက်လာပြီး   ကမ္ဘာ့အဆင့် (၁၂၂)နှင့်  အာဆီယံအဆင့်(၈)၊ ကမ္ဘောဒီးယားအသင်းက   တစ်ဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့်(၁၂၃)နှင့်  အာဆီယံအဆင့်(၉)၊ ဖိလစ်ပိုင်အသင်းက တစ်ဆင့်ကျဆင်းပြီး  ကမ္ဘာ့အဆင့်(၁၂၉)နှင့်  အာဆီယံအဆင့်(၁၀)၊ ဘရူနိုင်းအသင်းက နှစ်ဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့်(၁၃၃) နှင့် အာဆီယံအဆင့်(၁၁) နေရာ၌  အသီးသီး ရပ်တည်နေကြောင်း သိရသည်။