အသက်၂၅ နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ

အသက်၂၅ နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၁၇

    ၂၀၂၃ ခုနှစ် အသက် ၂၅ နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး  ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၇ နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ စတင်ကျင်းပသည်။ 

ပြိုင်ပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)သံပြားဝိုင်းပစ်၊ (အမျိုးသား ၁၀ မျိုးစုံ-၁) မီတာ-၁၀၀၊ (အမျိုးသမီး) မီတာ ၁၀၀၀၀၊ (အမျိုးသား ၁၀ မျိုးစုံ-၂)အလျားခုန်၊ (အမျိုးသား) မီတာ-၁၀၀၀၀၊ (အမျိုးသမီး) တုတ်ထောက်ခုန်၊ (အမျိုးသား ၁၀ မျိုးစုံ-၃) သံလုံးပစ်၊ (အမျိုးသား)သံပြားဝိုင်းပစ်၊ (အမျိုးသား/အမျိုးသမီး)မီတာ-၄၀၀၊ (အမျိုးသား ၁၀ မျိုးစုံ-၄)တန်းမြင့်ခုန်၊ (အမျိုးသား) မီတာ-၁၁၀ တန်းကျော်ပြေး၊ (အမျိုးသမီး) မီတာ-၁၀၀ တန်းကျော်ပြေး၊ (အမျိုးသား)အလျားခုန်၊ (အမျိုးသား+ အမျိုးသမီး) မီတာ(၁၀၀X၄) လက်ဆင့်ကမ်း၊ (အမျိုးသား ၁၀ မျိုးစုံ-၅)မီတာ-၄၀၀ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုသိမ့်သိမ့်သူ(စစ်ကိုင်း)၊ ဒုတိယဆု နန်းအွမ်ဆိုင်ခမ်း(ရှမ်း)၊ တတိယဆု  သွယ်ဇင်နိုး(စစ်ကိုင်း)၊ (အမျိုးသမီး) မီတာ-၁၀၀၀၀  ပြိုင်ပွဲတွင် ပထမဆု အိအိဝိုင်း (တနင်္သာရီ)၊ ဒုတိယဆု နှင်းပွင့်အောင် (စစ်ကိုင်း)၊ တတိယဆု ဖြိုးဖြိုးအောင် (နေပြည်တော်)နှင့် (အမျိုးသား) မီတာ-၁၀၀၀၀ ပြိုင်ပွဲတွင် ပထမဆု ကျော်မင်းအောင်(ရှမ်း)၊ ဒုတိယဆု သန့်ဖုန်းအောင်(ရန်ကုန်)၊  တတိယဆု အောင်စိုးလှိုင်(ကယား)၊ (အမျိုးသမီး) တုတ်ထောက်ခုန်ပြိုင်ပွဲတွင် ပထမဆု ယုယုပိုင်(တနင်္သာရီ)၊ ဒုတိယဆု မြင့်မြင့်ဌေး (ကချင်)၊ တတိယဆု ဂူးဂူး(မန္တလေး)နှင့် (အမျိုးသား) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆု ထက်ဝေယံ(ရှမ်း)၊ ဒုတိယဆု အောင်ထက်မြတ် (စစ်ကိုင်း)၊ တတိယဆု ထက်ကောင်းဝေ(မကွေး)၊ (အမျိုးသား) အလျားခုန်ပြိုင်ပွဲတွင် ပထမဆု ဝိုင်ထက်ပိုင် (တနင်္သာရီ)၊ ဒုတိယဆု ဇင်ကိုဌေး(ရန်ကုန်)၊ တတိယဆု ဝေယံထက်(စစ်ကိုင်း)၊ (အမျိုးသမီး) မီတာ-၁၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမဆု အိသက်လွင်(တနင်္သာရီ)၊ ဒုတိယဆု နော်မြင့်မြင့်စန်း(တနင်္သာရီ)၊ တတိယဆု ဝင်းစန္ဒာထွန်း (မန္တလေး)နှင့် (အမျိုးသား) မီတာ-၁၁၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမဆု ရဲရင့်ပိုင် (တနင်္သာရီ)၊ ဒုတိယဆု သီဟနိုင်(မကွေး)၊ တတိယဆု လင်းထက်သူ(မန္တလေး)၊  (အမျိုးသမီး) မီတာ-၄၀၀ ပြိုင်ပွဲတွင် ပထမဆု နွေဦးခိုင်(တနင်္သာရီ)၊ ဒုတိယဆု နန်းဟွမ်လှိုင်း(ရှမ်း)၊ တတိယဆု ရီမြာ(ကယား)နှင့် (အမျိုးသား) မီတာ-၄၀၀ ပြိုင်ပွဲတွင် ပထမဆု ဖြိုးကျော်ဇင်ဦး(ရှမ်း)၊ ဒုတိယဆု ထွန်းလင်းဦး(မွန်)၊ တတိယဆု သက်ဝေဖြိုး(စစ်ကိုင်း)၊ (အမျိုးသား+အမျိုးသမီး)  မီတာ(၁၀၀ X ၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆု တနင်္သာရီတိုင်းဒေသကြီး၊  ဒုတိယဆု စစ်ကိုင်းတိုင်းဒေသကြီး၊   တတိယဆု မန္တလေးတိုင်း ဒေသကြီးအသင်းတို့အား တာဝန်ရှိသူတို့က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်(ယနေ့)တွင် ဒုတိယနေ့ပြိုင်ပွဲ ပွဲစဉ်များကို နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့၌  ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။