ယူကရိန်းမောင်းသူမဲ့လေယာဉ် ၂၈ စင်းကို ရုရှားကြားဖြတ်တိုက်ခိုက်

ယူကရိန်းမောင်းသူမဲ့လေယာဉ် ၂၈ စင်းကို ရုရှားကြားဖြတ်တိုက်ခိုက်

 

     ရုရှားတပ်များသည် ယူကရိန်းမောင်းသူမဲ့လေယာဉ်  ၂၈ စင်းကို  ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ယူကရိန်းတပ်များသည်  မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ ရုရှားပိုင်နက် နယ်မြေများဖြစ်သည့် ဘယ်ဂိုရော့နှင့်ကာ့ခ်စ်အတွင်းရှိ အဆောက်အအုံများအား တိုက်ခိုက်ရန် အောက်တိုဘာလ ၁၇ ရက် ညပိုင်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ရုရှားတပ်များက အဆိုပါမောင်းသူမဲ့ လေယာဉ်များအား   ပင်လယ်နက်ရေပြင်အထက်၌ ကြားဖြတ်တားဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်  ကြေညာချက်တွင်  ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံသည် မကြာသေးမီကပင် မောင်းသူမဲ့လေယာဉ်(ဒရုန်း)များကို အသုံးပြု၍ စစ်ဆင်နွှဲလာပြီး အထူးသဖြင့် ရုရှားမြို့ကြီးများကို အဓိကပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။  သို့သော် ရုရှားနိုင်ငံ၏ အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်များသည် ယူကရိန်းမောင်းသူမဲ့ လေယာဉ်များအား ကြားဖြတ်တားဆီးနိုင်စွမ်း ရှိကြောင်း သိရသည်။