ဗန်းမော်မြို့၌ သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲကျင်းပ

ဗန်းမော်မြို့၌ သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲကျင်းပ

 

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော် မြို့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန   သူနာပြုသင်တန်းကျောင်း၌ အမှတ်စဉ်(၁၇) သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်က အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က သင် တန်းဆင်းသူနာပြု မောင်မယ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အမှန်တကယ် အားကိုးအားထားပြုထိုက်သော သူနာပြုများဖြစ်အောင်   ကြိုးစားကြရန်လိုအပ် ကြောင်း အမှာစကားပြောကြားပြီး ဗန်းမော်မြို့  ပြည်သူ့ဆေးရုံကြီး(ယာယီ) ဆေးရုံအုပ်ကြီး ဒေါက်တာမင်းမော်ကိုက သင်တန်းဆင်းသူနာပြု သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းဆင်း အောင်လက်မှတ် ရယူမည့် သင်တန်းသား၊ သင်တန်းသူများ က  ကတိပြုကြပြီး  သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်စိုးက အောင်လက်မှတ်များ အပ်နှင်းသည်။

ယင်းနောက် သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက    ဆုံးမသြဝါဒစကား မြွက်ကြားပြီး    သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား   ပြန်လည်ပြောကြားသည်။ သူနာပြုသင်တန်းကျောင်း ဗန်းမော်မြို့    အမှတ်စဉ်(၁၇)၌   သင်တန်းဆင်းကျောင်းသား၊  ကျောင်းသူ ၂၈ ဦးရှိပြီး အမှတ်စဉ်(၁)မှ  အမှတ်စဉ် (၁၇) အထိ သင်တန်းသား၊ သင်တန်းသူပေါင်း ၇၈၈ ဦးရှိကြောင်း သိရသည်။