အီလွန်မတ်၏ တက်စလာ တစ်ညတည်းနှင့် ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံး

အီလွန်မတ်၏ တက်စလာ တစ်ညတည်းနှင့် ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံး

 

    အမေရိကန်     ဘီလျံနာသူဌေးကြီး အီလွန်မတ်၏ တက်စလာကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ၉ ရာခိုင်နှုန်းကျော် ကျဆင်းသွားသောကြောင့် တစ်ညတည်းနှင့်ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့်   သုံးလပတ်ကာလအတွင်း တက်စလာကုမ္ပဏီ၏    အစုရှယ်ယာသည် ၁ ဒသမ ၈ ဆ ကျဆင်းသွားကြောင်း ထုတ်ပြန်ချက်ထွက်လာပြီးနောက်    အစုရှယ်ယာတန်ဖိုးက တစ်စုလျှင် ဒေါ်လာ ၂၂၀ အထိ ၉ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။

ထို့ကြောင့် အီလွန်မတ်၏ ပိုင်ဆိုင်မှုသည် ဒေါ်လာ ဘီလီယံ ၂၁၀ အထိ ၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် အီလွန်မတ်အနေဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်မှ လျော့ကျသွားခြင်းမရှိပေ။

လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်း၌ ဒုတိယနေရာတွင် ရောက်နေသူမှာ Moet Hennessy Louis Vuitton ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဘားနာ့အာနော့ဖြစ်ပြီး ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁၅၅ ဘီလီယံဖြစ်သည်။

တတိယနေရာသို့   ရောက်ရှိသွားသူမှာ အမေဇုန်ကုမ္ပဏီ တည်ထောင်သူ ဂျက်ဘီဇော့ဖြစ်ပြီး ပိုင်ဆိုင်မှု အနေဖြင့် ဒေါ်လာ ၁၄၄ ဘီလီယံဖြစ်ကြောင်း သိရသည်။