ရုရှား-အိန္ဒိယ ကုန်သွယ်မှုပမာဏ  ၈ လအတွင်း နှစ်ဆကျော်မြင့်တက်လာ

ရုရှား-အိန္ဒိယ ကုန်သွယ်မှုပမာဏ  ၈ လအတွင်း နှစ်ဆကျော်မြင့်တက်လာ

 

    ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ၈ လ တာကာလအတွင်း ကုန်သွယ်မှုပမာဏသည် နှစ်ဆကျော်အထိ မြင့်တက်လာကြောင်း သိရသည်။

အိန္ဒိယကုန်သွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံ အထိရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှကုန်ပစ္စည်း တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂ ဘီလီယံရှိကာ  ရုရှားနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုမှာမူ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖိုး ရှိသောကြောင့် အိန္ဒိယနိုင်ငံအနေ ဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၈ ဒသမ ၆ ဘီလီယံရှိသည်ကို တွေ့ရသည်။

ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အမေရိကန်၊ တရုတ်နှင့် ယူအေအီးနိုင်ငံတို့ပြီးနောက် စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်။

ထိုနိုင်ငံများအားလုံးနှင့် အိန္ဒိယနိုင်ငံတို့ကြား ၈ လတာကာလအတွင်း ကုန်သွယ်မှု ပမာဏမှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားသည်ကို တွေ့ရသည်။

အမေရိကန်နှင့် ကုန်သွယ်မှုတွင် ၁၀ ရာခိုင် နှုန်း၊ တရုတ်နှင့်ကုန်သွယ်မှုတွင် ၈ ရာခိုင်နှုန်း နှင့် ယူအေအီးနှင့် ကုန်သွယ်မှုတွင် ၉ ရာခိုင် နှုန်းစီ အသီးသီး ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။