သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၏ သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၏ သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ

 

နေပြည်တော် ၊ ၂၀၂၃ အောက်တိုဘာ ၂၄ ရက်

    သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၏ သူနာပြုသားဖွားဒီပလိုမာ အမှတ်စဉ်(၄၅) အောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် သူနာပြု နှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာများအား ရှင်းလင်းပြော ကြားသည်။ ယင်းနောက် ကျောင်းအုပ်ကြီးက သင်တန်းသား/သင်တန်းသူများအား သူနာပြု သားဖွားဒီပလိုမာ အောင်လက်မှတ်များအား အသီးသီးအပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။