မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၂၆

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးကို   ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ   ဆွေးနွေးပွဲသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌများနှင့်  ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေး ဦးတည်ချက်နှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့် အညီ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးအတွက်  လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အစိုးရကခွင့်ပြု ထားသော ဥပဒေနှင့် ညီညွတ်သည့်လုပ်ငန်း များအတွက် စနစ်တကျ အသုံးချနိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများ အနေဖြင့်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေနှင့်အညီ သတ်မှတ်ကာလအတွင်း အပြည့်အ၀ စိုက်ပျိုးမွေးမြူ လုပ်ကိုင်ဆောင် ရွက်အသုံးပြုရန် လိုအပ်ကြောင်း။

နိုင်ငံတော်၏ စားရေရိက္ခာဖူလုံပိုလျှံရေး အတွက် အဓိကအားထား ဆောင်ရွက်နေရ သော လယ်ယာမြေများ မလျော့ပါးရေးမူဝါဒ သဘောအရ အခြေခံအဆောက်အဦများ တည်ဆောက်ရေးအတွက် စိုက်ပျိုးမြေများကို အသုံးမပြုဘဲ    မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုသာ အကျိုးရှိရှိ အသုံးချရန်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ရရှိသူများအနေဖြင့် လိုက်နာရ မည့်စည်းကမ်းများ  မဖောက်ဖျက်သရွေ့ ဆက်လက်လုပ်ကိုင်နိုင်သည့် အခွင့်အရေး ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် စတင်မထုတ်ပေးမီ အာမခံကြေးကောက်ခံရန် လိုအပ်သကဲ့သို့ ယခင်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ မြေခွန်ကင်းလွတ်ခွင့် ကာလကုန်ဆုံးပြီး နောက် နှစ်စဉ်ကြေး  မြေခွန်များပြေကျေ အောင် စည်းကြပ်ကောက်ခံနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ရရှိထားသူများ အနေဖြင့် သတ်မှတ် ထားသော စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက ဥပဒေပါပြဋ္ဌာန်းချက်များ အတိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသည့်မြေကို ပြန်လည်သိမ်းဆည်းခြင်း၊ ပေးသွင်းထား သောအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းခြင်းများအပြင် တည်ဆဲ  ဥပဒေများအရ တရားစွဲဆိုခြင်းကိုလည်း ခံရ နိုင်ကြောင်းကို အသိပေးလိုကြောင်း ပြောကြားသည်။

ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်    ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် အကြောင်းအရာများအား တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းအကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးသုံးသပ် ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်  (၁၂)ကြိမ်မြောက်ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိမှု များအပေါ် စည်းကမ်းချက်နှင့်အညီ စစ်ဆေး ဆောင်ရွက်နိုင်ရေးအတွက် အထူးအဖွဲ့ ဖွဲ့စည်းပေးရန်ကိစ္စရပ်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ အစိုးရကခွင့်ပြု ထားသောဥပဒေနှင့် ညီညွတ်သည့် အခြား  လုပ်ငန်းများကို ထိရောက် မှန်ကန်စွာ အသုံး ချနိုင်ရေး လုပ်ငန်းများနှင့် ရှေ့ဆက်လက်  ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။