(၇)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ ကင်းစင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၇)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ ကင်းစင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်  အောက်တိုဘာ ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှ  ၂၅ ရက်အထိ ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသ များတွင် ငှက်ဖျားရောဂါ ကင်းစင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆက်စပ်အစည်း အဝေးများသို့  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့  တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်တွင်ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ၌  ဒုတိယဝန်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်သည် ရှည်လျားပြီး နှစ်နိုင်ငံ ဝင်ထွက်သွားလာမှု များပြားသည့်အတွက် နယ်စပ်ဒေသ ငှက်ဖျားကူးစက်မှု ပပျောက်ရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးပြီး နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေး စီမံချက် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Health Commission မှ  Director General  ဖြစ်သူ Dr. Gang Xia, Yunnan Health Commission  မှ Deputy Director General  ဖြစ်သူ Mr. Zhizhong Song နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး မှ Counsellor  ဖြစ်သူ Mr. Daobing Ouyang တို့က အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ငှက်ဖျားရောဂါ တိုက်ဖျက်ရေးမှ တာဝန်ရှိသူ များနှင့် တရုတ်နိုင်ငံ National Institute of Parasitic Disease နှင့့် Yunnan Institute of Parasitic Disease များမှ တာဝန်ရှိသူတို့က မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အခြေအနေ၊ ကူးစက်မှုပပျောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

အောက်တိုဘာလ ၂၃ ရက် မွန်းလွဲပိုင်း တွင် ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Disease Control and Prevention Administration ရုံးချုပ်၌ The National Health Commission (NHC)  ၏ Vice-Minister ဖြစ်သူ Mr. Wang Hesheng  နှင့်တွေ့ဆုံ၍ တရုတ်-မြန်မာ နယ်စပ်ဒေသ ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ငှက်ဖျားရောဂါအပြင် အခြားကူးစက်ရောဂါ များ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာလ၂၄ ရက်တွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Chinese Center for Disease Control and Prevention  (China CDC)  ၌ Director General Professor SHEN Hongbing နှင့်တွေ့ဆုံခဲ့ပြီး   မြန်မာနိုင်ငံ Malaria Elimination  အတွက် နည်းပညာပံ့ပိုးမှု၊ မြန်မာ-တရုတ်နယ်စပ်  ငှက်ဖျားရောဂါ ထိန်းချုပ်ရေး၊   Public Health Emergencies, HIV  နှင့်  တီဘီရောဂါ တိုက်ဖျက်ရေးကိစ္စများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ 

 ထို့နောက် China CDC  ရှိ Divis-ional Directors အဖွဲ့နှင့် တွေ့ဆုံပြီး China CDC သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များကို   တင်ပြခြင်းအပေါ် အသေးစိတ် ဆွေးနွေးမေးမြန်းခဲ့ပြီး မြန်မာနိုင်ငံမှ ပညာတော်သင်များအား China CDC ၏ Short Course Training Programs များသို့ စေလွှတ်မည့် အစီအစဉ်နှင့်   FETP Program နှင့်ပတ်သက်၍ နှစ်နိုင်ငံ Mentor Exchange  အစီအစဉ်များအား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ယင်းနောက် China CDC Emergency Operating Center? Branch of Vector Biology and Controlူ ဌာန၊ WHO Collaboration Center for Vector Control  ရှိ  mosquito   insectory, insecticide lab, climate simulation roomများ၊ National Center for AIDS and STD prevention and control  များသို့  လှည့်လည်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်၍ အောက်တိုဘာလ ၂၅ ရက်တွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ the China Inter-national Development Cooperation Agency (CIDCA) မှ Vice Chairman, Dr. Boqing  Deng  နှင့် တွေ့ဆုံ၍ တရုတ်-မြန်မာ နယ်စပ်ဒေသ ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်ရေး စီမံချက်အား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ရှမ်းပြည်နယ်(ကျိုင်းတုံ) ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်၊ ရှမ်းပြည်နယ်(လားရှိုး) ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာထွန်းညွန့်ဦး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်း၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာဇော်ရိန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ လိုက်ပါသွားကြပြီး အဆိုပါအဖွဲ့ သည် ယနေ့ညနေပိုင်းတွင်  လေကြောင်းခရီးဖြင့် ရန်ကုန်သို့ပြန်လည် ရောက်ရှိကြောင်း သိရသည်။