ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် လက်ခံတွေ့ဆုံ

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့်  H.E.Mr.Iskander Azizov ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၁၀)ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့် လုံခြုံရေးနှင တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ  အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။