မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဆိုင်ရာ မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

 

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဆိုင်ရာ မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၆

မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် သုတေသနနှင့်ဆန်းသစ်တီထွင်မှု စီမံကိန်းအမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာ  သတ်မှတ်ခြင်းဆိုင်ရာ  အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်မှချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အောင်မြင်အောင်ဆောင်ရွက်လျက်ရှိသည် ကို လက်တွေ့ကျကျ အထောက်အပံ့ ပြုပေးနိုင်မည့် သုတေသန စီမံကိန်းများကိုသာ အဓိကရှေးရှုဆောင်ရွက်ရန်၊ ယနေ့ဆွေးနွေးပွဲတွင် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ(MKCF)ဆိုင်ရာ ဦးစားပေးကဏ္ဍများဖြစ်သည့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊    အခြေခံအဆောက်အဦ၊ သတင်းအချက်အလက်နှင့်   နည်းပညာ၊ သဘာဝပတ်ဝန်းကျင်၊ သမားရိုးကျ မဟုတ်သော စိန်ခေါ်မှုများဟူသည့် ကဏ္ဍ(၇)ခုနှင့် စပ်လျဉ်းပြီး ဒေသတွင်းဖွံ့ဖြိုးရေးအတွက် သတ်မှတ်မူဝါဒများနှင့်အညီ ပန်းတိုင်များ ချမှတ်၍ စီမံကိန်းများဖော်ထုတ်သတ်မှတ် ရန်၊ အစီအစဉ်များ ရေးဆွဲရန်တို့အတွက် အားလုံးအကြံပြု  ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအတွက် ရေရှည်အကျိုးပြုမည့် သုတေသနစီမံကိန်းများ အောင်မြင်စေရေးအတွက် ဌာနများနှင့် အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ဖြင့် ဦးလည်မသုန် ပူးပေါင်းကြိုးပမ်းဆောင် ရွက်ကြရန်၊ နိုင်ငံ့ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ချက် ခိုင်မာစေရေးမှသည် မဲခေါင်ဒေသတွင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအထိ ရရှိလာသည့်သုတေ သနရလဒ်များကို အကျိုးရှိရှိပြန်လည်အသုံး ချနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စီမံကိန်းများ ဆောင်ရွက်ရင်း မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့် အပြန်အလှန်ဖလှယ်ရေးအကျိုးကျေးဇူး များပါရရှိလာမည်ဟု ယုံကြည်ကြောင်းပြော ကြားသည်။

ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာန၊ နည်းပညာမြှင့်တင် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာနနှင့် အခြားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေသန ပညာရှင်များ  တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။