မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ သောကြာနေ့

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ သောကြာနေ့

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ယခုချိန်တွင် စစ်မှန်စည်းကမ်းပြည့်ဝသော    ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန်  ကြိုးပမ်းနေချိန်ဖြစ်ပြီး  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ် လည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

ယခုလိုအချိန်တွင် ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်သောင်းကျန်းသူအချို့သည် ယနေ့ ၂၇-၁၀-၂၀၂၃ ရက် သောကြာနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များရှိ နေရာအချို့ကို တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့အား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြကြောင်း သိရှိရပါသည်။

၂။      ယခုဖြစ်စဉ်ကဲ့သို့ အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့်  နိုင်ငံနစ်နာစေရန် ရည်ရွယ်ဆောင်ရွက်နေသော လက်နက်ကိုင်သောင်းကျန်းသူများ၏  အကြမ်းဖက်လုပ်ရပ်များကို  မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့