၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ဆက်လက်ကျင်းပ၊ ကျောက်စိမ်းအတွဲပေါင်း  ၉၉၉ တွဲရောင်းချနိုင်ခဲ့

 

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ဆက်လက်ကျင်းပ၊ ကျောက်စိမ်းအတွဲပေါင်း  ၉၉၉ တွဲရောင်းချနိုင်ခဲ့

နေပြည်တော်  အောက်တိုဘာ  ၂၇

 

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပရာ  ယနေ့နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များက မဏိရတနာ ကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့်  ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ြှနြ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု(ဃ) မှ ကျောက်စိမ်းအသားကျောက် ၁၀၀၀ ကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၉၉၉တွဲ ရောင်းချရကြောင်းကြေညာသည်။

ထို့နောက် ပြပွဲနောက်ဆုံးနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအသားကျောက် ၇၉၂ တွဲကို  ပြည်တွင်းရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။

ယင်း ကျောက်စိမ်းအတွဲပေါင်း ၇၉၂ တွဲ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိ သူများက ညနေ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို  ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာလ ၂၈ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲ ၃၀၀ နှင့်ကျောက်မျက်အတွဲ ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား    ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။   ထို့ပြင်  ပြပွဲတွင်ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက် အလိုက် ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲ၇၀၂ တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲ ၆၀၁ တွဲကိုလည်းကောင်း၊ ပြပွဲသတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း၇၅၃ အနက် ကျောက်စိမ်းအတွဲပေါင်း ၆၂၃တွဲနှင့် ပြပွဲအဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၉၉၉ တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့်   ကျောက်စိမ်းအတွဲပေါင်း ၇၉၂  တွဲကို   ပြပွဲနောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာလ ၂၈ ရက်တွင် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း  သိရ

သည်။

နိုင်ထွန်း