နိုင်ငံတော်အစိုးရက အစ္စရေးနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူ

 

နိုင်ငံတော်အစိုးရက အစ္စရေးနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူ

ရန်ကုန်  အောက်တိုဘာ  ၂၇

 

နိုင်ငံတော်အစိုးရသည်   ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား များကို  အစဉ်ကြည့်ရှု စောင့်ရှောက်လျက်ရှိပြီး အခက်အခဲများကြုံတွေ့လာပါက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရေး နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ခဲ့ရာ၌ အောက်တိုဘာ လ ၂၆ ရက် ည ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှဲဝမ်းမြောက် စွာကြိုဆိုခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသည့်   စစ်ပွဲအခြေအနေ ကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို အောက်တိုဘာလ ၂၅ ရက်  ညပိုင်းတွင်    အစ္စရေးနိုင်ငံတဲလ်အဗီးမှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး    ဗန်ကောက်မှတစ်ဆင့် ရန်ကုန်မြို့သို့ ည ၈ နာရီ ၁၅ မိနစ်တွင် ြြ ၃၅၁ ဗြှု လေကြောင်းလိုင်းဖြင့်လိုက်ပါခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၉ နာရီကျော်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှ ပြန်လည်ရောက်ရှိလာသော  ကိုအောင်ကျော်ဦးက ရုတ်တရက်ကြီး စစ်ဖြစ်တော့ ကျွန်တော်တို့လည်းကြောက်သွားတယ်။ အိမ်အောက်ထပ်က ဗုံးခိုကျင်းထဲဆင်းပြီးနေကြရတယ်။ ဆက်ပြီးနေထိုင်လို့ မရတော့တဲ့ အနေအထားပါ။ အစ္စရေးကို  ွှမငေညငညါ ဗါမငခကူအကမန နဲ့ စိုက်ပျိုးရေး သင်တန်းတက်ရောက်နေတာ လေးနှစ်ကျော်ရှိပါပြီ။ အစ္စရေးနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဆက်သွယ် အကြောင်းကြားပေးတဲ့အတွက်   ကျွန်တော်တို့အဆက်အသွယ်ရပြီး မြန်မာနိုင်ငံကိုပြန်ဖို့ အမြန်ဆုံး ဆောင်ရွက်ပေး ခဲ့တာကြောင့် အခုလိုအမိနိုင်ငံကို ဘေးအန္တရာယ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာစွာ ပြန်လာနိုင်ခဲ့ပါပြီ။

အစ္စရေးလေဆိပ်မှာ   မြန်မာနိုင်ငံကိုပြန်ရတော့မယ်ဆိုတဲ့စိတ်က   ရင်ခုန်မှုကြီးမားပါတယ်။ ဗန်ကောက်ကို ရောက်တော့ စိတ်ထဲမှာ ၅၀ ရာခိုင်နှုန်းပဲ ပျော်ရွှင်ကြရပြီး ရန်ကုန်လေဆိပ်ကို     လေယာဉ်ဆင်း သက်လိုက်တာနဲ့ အမိမြေဆိုတဲ့ အသိစိတ်ဟာ  ဘယ်လိုခံစားမှုနဲ့မှ လဲလို့မရပါဘူး။ အမိမြေထက် နွေးထွေးလှိုက်လှဲတဲ့နေရာ ဘယ်နေရာမှမရှိဘူးဆိုတာလည်း သိလိုက်ရပါတယ်။ လာရောက်ကြိုဆိုကြတဲ့ တာဝန်ရှိသူအားလုံးကို   အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်က    ရှမ်းပြည်နယ် ပင်လောင်းကပါ။ ကျွန်တော်တို့ကို အချိန်မီကူညီကယ်ဆယ်ပေးတဲ့ နိုင်ငံတော်အစိုးရက တာဝန်ရှိသူများအားလုံး၊ အစ္စရေးနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ တာဝန်ရှိသူအားလုံးကို ရင်ထဲကဖော်မပြနိုင်အောင် လှိုက်လှိုက်လှဲလှဲ  အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ဟု ဝမ်းမြောက် ပီတိစကားပြောကြားသည်။

မလမိုင်မိုင်းရာက အမိနိုင်ငံကိုပြန်ရောက်လာတဲ့အတွက်    ဝမ်းသာကြည်နူးမှုဟာ ဘာနဲ့မှလဲလို့မရပါဘူး။    ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်။ သမီးက ကချင်ပြည်နယ် တနိုင်းကပါ။ အစ္စရေးကိုရောက်နေတာ လေးနှစ်ကျော်ရှိပါပြီ။ တစ်လမ်းလုံး ဘုရားသခင်ထံ ဆုတောင်းခဲ့တာ  အခုလိုပြန်လာနိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရနဲ့သံရုံးကို အထူးပဲကျေးဇူးတင်ပါတယ်။    မိဘရင်ခွင်ထဲ ပြန်လည်ပို့ဆောင်ပေးတဲ့  တာဝန်ရှိသူအားလုံးကို ရင်ထဲမှာပြောမပြတတ်အောင်ကို ကျေးဇူးအထူးတင်ပါတယ်။ ကျေးဇူးကမ္ဘာပါဟု ဝမ်းသာပီတိစကား ပြောကြားသည်။

မမိုးသီတာအောင်က    သမီးတို့က မြို့ပေါ်မှာနေတာပါ။ အစ္စရေးနယ်စပ်မှာတော့   တိုက်ပွဲသံတွေကြား နေရတယ်။ အခုလိုမထင်မှတ်ဘဲဖြစ်လာတော့ ကိုယ့်နိုင်ငံကိုပဲပြန်ချင်တယ်။ သံရုံးကပြန်မယ့်သူတွေကိုပို့ပေးဖို့ အကြောင်းကြားပေးတဲ့အတွက် ဝမ်းပန်းတသာနဲ့ ပြန်ခွင့်ရခဲ့တာပါ။ စိတ်ရှည်စွာနဲ့ကူညီပေးခဲ့တဲ့သံရုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။  သမီးက  ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေပါတယ်။ မိသားစုနဲ့ အခုလိုပြန်ဆုံခွင့်ရအောင် ကူညီဆောင်ရွက်ပေးတဲ့အတွက်    ဖော်မပြနိုင်အောင် ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်ဟု ရင်တွင်းပီတိစကား ပြောကြားသည်။

မခင်နှင်းအိက တိုက်ပွဲဖြစ်တဲ့အသံကို တဲလ်အဗီးကနေ့တိုင်းကြားနေရတယ်။ သမီး တို့နေတာလေးနှစ်ရှိပြီ။ အခုလိုမကြုံဖူးဘူး။ အခြားပြည်ပနိုင်ငံသားတွေလည်း ပြန်ကြ တာရှိတယ်။ မြန်မာနိုင်ငံသားအချို့လည်းရှိတယ်။ တိုက်ပွဲသံကြားကတည်းက အမိနိုင်ငံကိုပြန်ချင်နေတာပါ။  တစ်နေ့တစ်နေ့ဘာဖြစ်လာမလဲဆိုပြီး တွေးနေရတာလည်း ပင်ပန်းတယ်။ သမီးက ပဲခူး သာယာဝတီမှာ နေပါတယ်။   အိမ်ကိုလွမ်းတယ်၊ သတိရတယ်။ မြန်မာသံရုံးကအကြောင်းကြားစာရတော့    အတိုင်းမသိဝမ်းသာသွားတယ်။ အစ္စရေးလေဆိပ်မှာ လေယာဉ် မထွက်မီနဲ့ လေထဲရောက်သွားချိန်ဟာ အကြာဆုံးအချိန်ပါပဲ။ ဗန်ကောက်ကိုရောက်မှပဲ စိတ်နဲနဲ အေးချမ်းသွားပါတယ်။ ရန်ကုန်လေဆိပ်ကိုရောက်တော့   ရင်ထဲဝမ်းနည်းဝမ်းသာဖြစ်ရတယ်။ စိုးရိမ်စိတ်နဲ့နေခဲ့ရတဲ့ နေ့စဉ်ဝမ်းနည်းမှုဟာ အမိမြေကိုခြေချခွင့်ရလိုက်တာနဲ့ ဝမ်းသာပျော်ရွှင်မှုရဲ့စွမ်းအားဟာ ဘာနဲ့မှလဲလို့မရပါဘူး။   မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိအောင် ကူညီပို့ဆောင်ပေးကြတဲ့ လူကြီးများ အားလုံးကို  လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်ဟု ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အစ္စရေးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ရောက်ရှိလာကြသည့် နိုင်ငံသားတို့၏ မိဘ ဆွေမျိုးများက ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ညိမ်းသူ