ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်   အောက်တိုဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၏၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့်  ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော်  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒဂုံ မြို့နယ် ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌစည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့ ်ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊   မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ  ဦးအေးဝင်း၊ စက်မှုဇုန်များမှ ဇုန်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေး ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ပြီး MSME စက်မှုလုပ်ငန်းရှင်များကို   လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာရရှိရေး၊   လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး စသဖြင့် လိုအပ်သော အထောက်အပံ့များ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် တိုးတက်ကောင်းမွန်လာသည့် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍   ပြည်တွင်းထုတ်ကုန်များ ကို အားပေးမြှင့်တင်ရန်၊  ပြည်ပသွင်းကုန် အစားထိုးထုတ်ကုန်များကို   အားပေးမြှင့်တင်ရန်၊   ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊   အဆိုပါလမ်းညွှန်ချက်များအပေါ်   အထောက်အကူဖြစ်စေမည့်   ကဏ္ဍတစ်ရပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း   စက်မှုထုတ်ကုန်များ၊ MSME ထုတ်ကုန် ပြသရောင်းချပွဲများကျင်းပခဲ့ရာ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ပွဲတော်၊  တန်ဆောင်တိုင်ပွဲတော်၊  (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဈေးရောင်းပွဲတော်၊ မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲများ  ကျင်းပခဲ့ကြောင်း၊ ယခုကဲ့သို့ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ထုတ်ကုန်များကို အပြန်အလှန် သိရှိချိတ်ဆက်မိခြင်း၊ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာနှင့် ဝယ်ယူသုံးစွဲခွင့်ရရှိခြင်း လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ထုတ်ကုန်ပစ္စည်းများကို   ပြသရောင်းချ  ဈေးကွက်ချဲ့ထွင်နိုင်ခြင်း အကျိုးကျေးဇူးများစွာ     ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများဖြင့်လည်းကောင်း၊ ဘင်ခရာအဖွဲ့များကလည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က ဖျော်ဖြေတင်ဆက်ကြသောအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများချီးမြှင့်ကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဈေးဆိုင်ခန်းများတွင် ဈေးရောင်းချနေမှုများကို  လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယခုကျင်းပသည့် ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ    စက်မှုဇုန်များ၊့ြၤဃဃှု နှင့် ညီနောင်အသင်းများ ဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်  ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊  မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၊ လူငယ်စွန့်ဦးတီထွင်သူများအသင်း၊   ကွန်ပျူတာအသင်းချုပ်၊ အမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့မှ ထုတ်ကုန် အရောင်းပြခန်းများ၊ ဆန်၊ ဆီနှင့်ဟင်းသီးဟင်းရွက်ဆိုင်ခန်းကြီးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် အရောင်းပြခန်းများပါရှိပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ   လာရောက်ရောင်းချသော ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၅၀၀ ခန့် ပြသရောင်းချမည်ဖြစ်သည်။

ပွဲတော်ရက်များအတွင်း     နေ့စဉ် ExSport Game ပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ Circus၊ မျက်လှည့်၊ DJ၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ပွဲတော် လာပြည်သူများ သွားရေးလာရေးလွယ်ကူစေအောင် အကြို/အပို့ကားများ စီစဉ်ထားရှိပေးထားကြောင်း သိရသည်။

သိန်းဝင်း