၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်) ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်) ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၈

          ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေတပ်နယ်ရှိ မေဃဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူ များက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

          အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။