၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

 

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော်  အောက်တိုဘာ  ၂၈

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပြပွဲတွင်MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု (C)မှ ကျောက်စိမ်း အသားကျောက်အတွဲ ၇၉၂တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၇၇၉  တွဲ ရောင်းချရကြောင်းကြေညာသည်။

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲအတွဲ ၃၀၀ တွင် ပုလဲအတွဲ၃၀၀ နှင့် ကျောက်မျက်အတွဲ ၁၆၀ အနက်မှ ကျောက်မျက်အတွဲ  ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု( A) မှ ကျောက်စိမ်းအတွဲပေါင်း ၅၂၀၊ အုပ်စု (B)မှ ကျောက်စိမ်းအတွဲပေါင်း ၁၇၃၃ တွဲနှင့် အုပ်စု(C)မှ ကျောက်စိမ်းအတွဲပေါင်း  ၁၇၉၂ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၃၇၀၄ တွဲ ရောင်းချနိုင်ခဲ့သည်။

ယခုကျင်းပသည့် ၂၀၂၃ ခုနှစ်နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏စီစဉ်မှုဖြင့် အောက်တိုဘာလ ၂၀ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။