နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ  Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု

Online လောင်းကစားနှင့် လိမ်လည်မှုများသည် မြန်မာနိုင်ငံမှ တရုတ်ပြည်သူများအား လိမ်လည်ခြင်းမဟုတ်သလို တရုတ်နိုင်ငံမှလည်း မြန်မာပြည်သူများအား လိမ်လည်ခြင်း မဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားသော ပြည်ပြေးလူလိမ် တစ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့က လုပ်ဆောင်နေခြင်းဖြစ်

 

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ  Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု အကျဉ်းချုပ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

Phoenix Media -အခုလိုလာရောက် ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း-  အခုလိုလာရောက် မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံမှ မီဒီယာများထဲမှ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်ရတဲ့ မီဒီယာလို့ မှတ်မိနေပါတယ်။ အဲဒီအချိန်က မြန်မာ့နိုင်ငံရေး ကို စိတ်ဝင်စားတဲ့အချိန်မှာ Interview ရိုက်ကူးခဲ့တာဖြစ်လို့ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို သိရဖို့ လာရောက်တဲ့အတွက်လည်း  ကျေးဇူးတင်ပါတယ်။

မေး။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online  လိမ်လည်မှုတွေကို ဘယ်အချိန်မှာ စတင် သိခဲ့ပါသလဲ။

ဖြေ။ ၂၀၂၀-၂၀၂၁ မြန်မာနိုင်ငံမတိုင်မီ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့ပြီး   ၂၀၂၁-၂၀၂၂ ကူးချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာ တွေ့ရပါတယ်။ အဲဒီ   လောင်းကစားလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေဟာ  ကမ္ဘောဒီးယားနိုင်ငံကနေ ပြေးလာပြီး     မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လုပ်နေပြီဆိုတဲ့   သတင်းရရှိခဲ့ပါတယ်။ အနောက်နိုင်ငံတွေကလည်း ရွှေကုက္ကိုလ်ဟာ တရုတ်အစိုးရရဲ့ မူဝါဒအရဆောက်ခဲ့တာ ဆိုပြီး ဝါဒဖြန့်ခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အထင်အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အချို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့လို့လည်း ကျွန်တော်ကိုယ်တိုင်ပဲ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီရွှေကုက္ကိုလ် စီမံကိန်းကို တည်ဆောက်ခွင့်ပိတ်ပြီးနောက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်လာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ၂၀၂၁-၂၀၂၂ အကူးမှာမှ မြန်မာနိုင်ငံမြောက်ပိုင်းမှာ    Online လောင်းကစားမှုတွေ လုပ်နေပြီဆိုတာ သိခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ၂၀၂၂ ခုနှစ်ကစပြီး ခြေရာခံ၊ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ် ဘက်တင်မကဘဲ မြန်မာဘက်ကိုပါ ပစ်မှတ်ထား လုပ်ဆောင်တာကိုလည်း တွေ့ပါတယ်။ 

Online မှာလုပ်တာဆိုတော့ ထင်ရှားတာမရှိဘဲ အနေချောင်နိုင်ငံ၊ ချောင်တဲ့နေရာမှာ လုပ်တာလည်းဖြစ်ပါတယ်။

မေး။ Online  လောင်းကစားမှုတွေ လုပ်ဆောင်နေတာကို သိသိချင်း ဘယ်လို စီမံမှုတွေပြုလုပ်ခဲ့ပါသလဲ။  ပူးပေါင်းဆောင်ရွက်မှုဟာ   မြန်မာနိုင်ငံဘက်က စတင်ခဲ့တာလား၊ တရုတ်နိုင်ငံဘက်က စတင်ခဲ့တာလား။

ဖြေ။ မြန်မာနိုင်ငံဘက်ကတော့ ဆိုရှယ်မီဒီယာကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ခြေရာခံပြီး စုံစမ်းခြင်း၊ လက်လှမ်းမီရင် ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ သာမန်အနေထားနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်မှ  အကြောင်းကြားလာမှသာ နှစ်နိုင်ငံ ပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မေး။  Online ပေါ်မှာ သိတဲ့တစ်ယောက်က သူ ထိန်းချုပ်ခံရတယ်လို့ လူကြီးတွေကို သိအောင်ပြောပေးပါဆိုပြီး ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်မှုများကိုပြောပေးပါ။ ဖမ်းဆီးခဲ့တာ ဘယ်လောက် သိမ်းဆည်းရမိခဲ့ပါသလဲ။ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဘယ်နှဦး ပါပါသလဲ။

ဖြေ။ ဖမ်းဆီးရမိခဲ့တာတော့ တစ်ထောင်နီးပါးရှိပြီး တကယ်ပြစ်မှု ကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါတယ်။ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနများက ပြောပြပေးမှာဖြစ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်မှာတွေကို ပြောပြပါမယ်။ နံပါတ်တစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒကတော့ မြန်မာ့မြေကို သုံးပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ငန်းမျိုး၊ အဖျက်အမှောင့်လုပ်ငန်းမျိုး၊    မီဒီယာကနေ ဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်း မျိုးတွေကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမှာဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ Online လောင်းကစား လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အမြစ်ပြတ်အောင် လုပ်မယ်လို့ ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၅ ရက်မှာလည်း တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း    မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ Online လိမ်လည်မှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။

မေး။ ယခုအချိန် Online လိမ်ညာနေတဲ့ အဖွဲ့ ဘယ်နှဖွဲ့လောက် ဖမ်းဆီးထားလဲ။ တရုတ်နိုင်ငံက  ထိခိုက်သူတွေအပေါ်ကို ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိပါသလဲ။

ဖြေ။ “ဝ”နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဒေသများဟာ အထူးဒေသများဖြစ်ပါတယ်။ “ဝ”နဲ့မိုင်းလားဒေသဟာ ကျွန်တော်တို့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။    ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိလို့ ဖမ်းဆီးရမိတာတွေကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ “ဝ”နဲ့ မိုင်းလား ဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။

မေး။ အခုထပ်ပြီး ဘယ်နှနေရာရှိပါသလဲ။ နှိမ်နင်းဖို့ ဘယ်လောက်ကြာမယ်ဆိုတာကို တရုတ်ပြည်သူတွေက အရေးတကြီး သိချင်နေပါတယ်။

ဖြေ။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် လာရောက်ချိန်မှာ  ဒီနှစ်ကုန်အမြစ်ပြတ် ချေမှုန်းဖို့    သန္နိဋ္ဌာန်ချထားပါတယ်။ Online လောင်းကစားနဲ့ လိမ်လည်မှုဟာ  ဒီမှာနှိမ်နင်းပြီးရင်လည်း ဘယ်ကိုရွှေ့ပြောင်းသွားမလဲဆိုတာ    ခန့်မှန်းလို့မရပါဘူး။ တရုတ်နိုင်ငံနဲ့    မြန်မာနိုင်ငံ ပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့ နေရာတွေမှာ ပူးပေါင်း စစ်ဆင်ရေးတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

မေး။ အများဆုံး ဖမ်းဆီးရမိတဲ့ ဖူအာမြို့ဘက်က ရဲတွေက ၂၃၀၀ ကျော် ဖမ်းဆီးရမိပြီး လူတစ်ရာကျော်က ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အစိုးရက ပါဝင်ပတ်သက်ခဲ့ပါသလား။ ဘယ်လိုနှိမ်နင်းခဲ့ပါသလဲ။

ဖြေ။ “ဝ”နဲ့ မိုင်းလားဟာ     အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူးဒေသဖြစ်တာကြောင့်   သူတို့ဟာ သူတို့ရဲ့ လက်နက်ကိုင် တပ်တွေနဲ့ သူတို့နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးတာဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း တစ်ဦးမှမရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ်စကားပြောတတ်သူသာ များပြီး မြန်မာစကား ပြောတတ်သူရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။ အဲဒီ အခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်ကို တရုတ်စကားမတတ်ဘဲ ဝင်လို့မရပါဘူး။ UWSA နဲ့ မိုင်းလားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံထဲက ဖူအာနဲ့ ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့   ပိုင်ဆိုင်မှုတွေရှိပါတယ်။ မေးကြည့်ရင်သိနိုင်ပါတယ်။

မေး။ ဒီမှာရှိနေတဲ့   လိမ်ညာမှုတွေထဲမှာ တိုင်းရင်းသား အကြမ်းဖက်တွေရောပါလား။ သူတို့ထောက်ခံအားပေးတဲ့ သူတွေပါလား။ မြန်မာအစိုးရရောပါလား။

ဖြေ။ “ဝ”နဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှု မရှိပါဘူး။ “ဝ”နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့ မရပါဘူး။ တပ်က ဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေး ပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေနဲ့ ဝင်ရောက်ခြင်း မပြုတာဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ Online  လောင်းကစားကို ကြီးကျယ်တဲ့ ကိစ္စလို့ထင်တာလား။ အရင်က “ဝ”နဲ့ မိုင်းလားဒေသမှာ မူးယစ်ဆေးဝါး စိုက်ပျိုးခဲ့တာကြောင့် ၁၉၉၀-၁၉၉၁ ခုနှစ်မှာ အမေရိကန်က “ဝ”ခေါင်းဆောင်တွေ အားလုံးနီးပါးကို DEA ရဲ့မူးယစ်ဆေး တရားခံတွေအဖြစ် ကမ္ဘာသိကြေညာခဲ့ပါတယ်။  အဲဒီဒေသမှာ ဗကပတွေ ကြီးစိုးခဲ့တဲ့ ဒေသဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူကာ အထူးဒေသအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

သူတို့ဟာ မြန်မာတိုင်းရင်းသားများသာ ဖြစ်ပါတယ်။ သို့သော် အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှ လွတ်နေပါတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ “ဝ”နယ်မြေနဲ့ UWSA ရဲ့ “ဝ”နယ်မြေဆိုတာ ရှိပါတယ်။ ဒီပြဿနာတွေမဖြစ်ခင် ဘိန်းဖြူပြဿနာ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဘိန်းပပျောက်ရေး အတွက် ဖိအားပေးခဲ့တာကြောင့် ဘိန်းပပျောက်ပြီး ရာမ ရူးသွပ် ဆေးပြားများ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကိုလည်း မြန်မာနဲ့တရုတ် ပူးပေါင်းပြီး နှိမ်နင်းခဲ့ရပါတယ်။ ယခု တတိယအကြိမ်ကတော့ Online လိမ်ညာမှု ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား ပြောကြားနေပါတယ်။  “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက်မှာမရှိပါဘူး။ တရုတ်ဘက်မှာပဲ ရှိပါတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင်ပါတယ်။ အဖြစ်မှန်က ခင်ဗျားပြောတဲ့ Online လောင်းကစားကရတဲ့ငွေ ဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲ ရှိနိုင်ပါတယ်။ “ဝ”ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံ ဖူအာမြို့မှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင် သိပါတယ်။ ဒါ့ကြောင့် “ဝ”တွေကို တရုတ်အစိုးရက ပံ့ပိုးပေးထားတယ်။   ဘိန်းစိုက်တယ်လို့ အမေရိကန်က စွပ်စွဲတာပဲဖြစ်ပါတယ်။ အဲဒီနယ်ထဲမှာ (တစ်) ဘိန်းဖြူ၊ (နှစ်) WY ဆေးပြား၊ (သုံး) Online လိမ်လည်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဘာလို့ သမိုင်းကြောင်းကို  ပြန်ပြောလဲဆိုရင်   တရုတ်နိုင်ငံသူ နိုင်ငံသားတွေ သိဖို့ လိုအပ်လို့ပါ။  Online လိမ်လည်မှုကနေရတဲ့ ငွေကြေးတွေ ဘယ်ရောက်နေလဲဆိုရင် “ဝ”နဲ့ မိုင်းလားခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု မြန်မာနိုင်ငံထဲမှာ မရှိပါဘူး။ အိမ်၊ မြေကွက်၊ ကုမ္ပဏီဘယ်လောက်ရှိလဲဆိုတာ ဖူအာနဲ့ကူမင်းမှာရှိတဲ့  ပြည်သူတွေကို မေးကြည့်ရင်    ပေါ်လာပါလိမ့်မယ်။

မေး။ မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ပေါင်းပြီး ဒီ “ဝ”နဲ့ မိုင်းလားဒေသကို ဖြေရှင်းဖို့ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ။ “ဝ”နဲ့ မိုင်းလားကို (တစ်) တရားဥပဒေနဲ့အညီ နေထိုင်ဖို့၊ (နှစ်) တရားဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေသာ လုပ်ကိုင်ဖို့၊ (သုံး) အဲဒီဒေသအတွင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေဖြစ်တဲ့  ရဲ၊ လဝက၊ အကောက်ခွန်တို့ ပေးဝင်ဖို့ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ပေါင်းပြီး ဖိအားပေးရမှာ ဖြစ်ပါတယ်။

မေး။ အခုလို ပူးပေါင်းဆောင်ရွက် ဖြေရှင်းတယ်ဆိုတာ ကောင်းပါတယ်။ မြန်မာအစိုးရကသူတွေ ဒီ Online လိမ်လည်မှုမှာ  မပါဝင်ဘူးဆိုရင် ဘယ်သူတွေက ပါဝင်နေလဲ။

ဖြေ။ အဓိကကတော့   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ Online လိမ်လည်တဲ့သူတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုဖို့  သတိပေးထားပြီးဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများ အနေနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

မေး။ တကယ်လို့များ မြန်မာဝန်ထမ်းတွေ ပါဝင်ရင် ဘယ်လိုဥပဒေအရ ဖြေရှင်းပေး မှာလဲ။

ဖြေ။ Online ၊ လောင်းကစားဥပဒေများ ရှိပြီးဖြစ်တဲ့အတွက်   ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းကာ အမြစ်ပြတ်ဆောင်ရွက်မယ်လို့ ပြောထားပြီးဖြစ်ပါတယ်။

မေး။ အခု “ဝ”နှစ်ယောက်ကို ဖမ်းဝရမ်း ထုတ်ပြန်တာ မြန်မာဘက်က   သိပါသလား။

ဖြေ။ “ဝ”ဒေသက UWSA  အဖွဲ့ဝင်ဖြစ်ပါတယ်။ “ဝ”ဒေသမှာ အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကရော မြန်မာနိုင်ငံကပါ ဖမ်းဝရမ်း ထုတ်ထားပြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်လာစရာမရှိဘဲ အလုံခြုံဆုံးက သူတို့နယ်မြေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နယ်မြေထဲမှာပဲ နေချင်ရင်နေ၊ ပြေးမယ်  ဆိုရင်လည်း ပြည်ပနိုင်ငံဘက်ကို ထွက်ပြေး ဖို့ပဲရှိပါတယ်။ တရုတ်နိုင်ငံဘက်မှ ဖိအား ပေးနေပြီး မြန်မာနိုင်ငံဘက်မှ ဖမ်းဆီးရမိ ပါက တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။

မေး။  အဲဒီနှစ်ယောက်က မြန်မာ-တရုတ် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရပါတယ်။ ဘယ်ကိုသွားမယ်လို့ ထင်ပါသလဲ။ သူတို့ရဲ့ လားရာနဲ့ သဲလွန်စတွေရော ဘာတွေသိထား ပါသလဲ။

ဖြေ။ သူတို့ “ဝ”နယ်မြေထဲက ထွက်သွားတဲ့ အထောက်အထားမရှိသေးပါဘူး။

မေး။ ဒီနှစ်ယောက်က တရုတ်နိုင်ငံသားလည်း ဖြစ်ပြီး မြန်မာနိုင်ငံသားလည်း ဖြစ်နေ ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်နိုင်ငံသားဖြစ်လို့ ရပါသလား။

ဖြေ။ တရုတ်နိုင်ငံမှာရော နှစ်နိုင်ငံသား ဖြစ်လို့ရလားလို့ မေးချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်ပါ တယ်။ Online လိမ်ညာမှုရဲ့ နောက်ကွယ် က နက်ရှိုင်းတဲ့ပြဿနာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ်မှာ  WY ဆေးပြားပြဿနာ၊ ၂၀၂၁ မှာ Online ပြဿနာဆိုပြီး ကိစ္စသုံးခုဖြစ်ခဲ့ပါတယ်။ အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးရေး မလုပ်နိုင်ရင် ဒီလိုပြဿနာတွေ ဆက်ဖြစ်နေမှာပဲဖြစ်ပါတယ်။  ဘိန်းဖြူနဲ့ WY ပြဿနာကို  တရုတ်ပြည်သူတွေ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘိန်းဖြူ နဲ့  WY ဆေးပြားကို တရုတ်ဘက်ကို မသွင်း ရဲဘဲ လာအိုနဲ့ထိုင်းနိုင်ငံက တစ်ဆင့် အခြား နေရာတွေကို ဖြန့်တာဖြစ်ပါတယ်။  အဲဒီ အဖွဲ့တွေရဲ့ စီးပွားရေးအရင်းအမြစ်ဟာ တရားမဝင် လုပ်ငန်းတွေကနေရခြင်းဖြစ်ပါ တယ်။ Online လိမ်ညာမှုပြဿနာဖြစ်မှသာ တရုတ်လူမျိုးအများစု အလိမ်ခံရတာ ကြောင့် တရုတ်က စတင်ခံစားရတာဖြစ်ပါတယ်။ Online လိမ်ညာမှုပြဿနာကို ဖြေရှင်းရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ နံပါတ်တစ် အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးမှု ရှိအောင်  လုပ်ရမှာဖြစ်ပါတယ်။  ဒါကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ နံပါတ်နှစ်အနေနဲ့ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေကို နှစ်နိုင်ငံ အစိုးရက  ဝင်ခွင့်ရအောင် လုပ်နိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

မေး။  ပူးပေါင်းစစ်ဆင်ရေးစခန်း ဖွင့်ထားပါသလား။ အဲဒီအခြေအနေကို သိချင်ပါတယ်။

ဖြေ။  မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပူးပေါင်း စစ်ဆင်ရေးစခန်း ဖွင့်ထားတာ  မရှိပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရ၊ ရဲတပ်ဖွဲ့တွေရဲ့ ဆက်သွယ် ဆက်ဆံမှုကတော့ စဉ်ဆက် မပြတ်ရှိပါတယ်။ ဒီကိစ္စဟာ တရုတ်ပြည်သူ တွေသာမက မြန်မာပြည်သူတွေပါ နစ်နာပြီး မြန်မာနိုင်ငံရဲ့ သိက္ခာလည်း ကျရပါတယ်။ သို့သော် သတိပြုရမှာက Online လိမ်ညာ မှုကိစ္စကို ဖြေရှင်းရုံနဲ့ ဒီလိုကိစ္စတွေပြီးသွား မှာ မဟုတ်ပါဘူး။ သမိုင်းကြောင်းကို သိရမယ်၊ အရင်းအမြစ်ကိုသိရမယ်။ ပြဿနာ ဖြစ်စေတဲ့ အရင်းအမြစ်ကိုသိပြီး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရမှာဖြစ်ပါတယ်။

မေး။  အခုလိုသေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် အခက်အခဲ ပြဿနာက ဘာရှိသလဲ။

ဖြေ။  “ဝ”နဲ့ မိုင်းလားနယ်မြေထဲ တရား ဥပဒေစိုးမိုးရေး အဖွဲ့တွေ ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော် တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်းလွှတ်ပေးထားရင်  လာမယ့်နှစ်တွေမှာလည်း အခြား ပြဿနာများ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။ သူတို့ကြောင့် မြန်မာနဲ့တရုတ် ပြည်သူတွေ ကြား အထင်မှားမှုတွေ ဆက်ဖြစ်နေမှာဖြစ် ပါတယ်။

မေး။  အခုလိုမျိုး ဖြေရှင်းပြီးရင် ဒေသခံ ပြည်သူတွေ စားဝတ်နေရေး ဘယ်လိုရှင်သန် မလဲ၊ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။

ဖြေ။ အဲဒီဒေသက သာမန်ပြည်သူလူထု ဟာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပဲ လုပ်ပါတယ်။ “ဝ”တောင်ပိုင်းမှာ ရော်ဘာလုပ်ငန်း အဓိကလုပ်ပါတယ်။ “ဝ”နဲ့ မိုင်းလားပြည်သူ တွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့ စီးပွားရေး အခွင့်အလမ်း ရှိပြီးဖြစ်တာကြောင့် စိတ်ပူ စရာမလိုပါဘူး။ သာမန်ပြည်သူတွေအနေနဲ့ Online လိမ်လည်မှုနဲ့  မပတ်သက်ဘဲ ခေါင်းဆောင်ပိုင်းကသာ ပတ်သက်နေတာ ဖြစ်ပါတယ်။ ထွက်ပြေးနေတဲ့ သူတွေဟာ  “ဝ” လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ “ဝ” အကြီးအကဲ ပေါက်ယူချန်း နဲ့ ဆွေမျိုးတော်တဲ့သူလည်း ဖြစ်ပါတယ်။

“ဝ”အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့သူဖြစ်ပါတယ်။ ဒါဆိုရင် ခင်ဗျားတို့  ရိပ်မိမှာဖြစ်ပါတယ်။ Online လိမ်ညာမှုတွေကို သာမန် ပြည်သူတွေက မလုပ်နိုင်ဘဲ ဘယ်ကရောက် လာတာလဲ၊ ဘယ်သူတွေအကာအကွယ် ပေးနေလဲဆိုတာ သိနိုင်မယ်ထင်ပါတယ်။

မေး။ အခု ဒီပူးပေါင်းစစ်ဆင်ရေး လုပ်တဲ့ အခါမှာ တရုတ်က အကျိုးရှိရှိ လုပ်ဆောင် မယ်ထင်ပါသလား။

ဖြေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်နဲ့သာမက ရဲချုပ်၊ ပြည်ထဲရေး ဝန်ကြီးတို့နဲ့လည်း တွေ့ပြီးဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီမှု အများကြီးရခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရရဲ့ ပူးပေါင်းမှုကို အားရမှုရှိပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စကို တရုတ်ပြည်သူတွေ နစ်နာမှုရှိလို့ တရုတ် အစိုးရက အရေးကြီးကိစ္စအဖြစ်ဆောင် ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ နစ်နာမှုရှိသလို သိက္ခာ လည်းကျတာဖြစ်လို့   တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီဟာတွေ လုပ်ဆောင်တာဟာ  သာမန်တရုတ်၊ မြန်မာပြည်သူတွေ မဟုတ်ပါဘူး။ တရုတ် နဲ့ နိုင်ငံတကာမှာ ရာဇဝတ်မှုဖြစ်ပြီး တိမ်း ရှောင်ထွက်ပြေးနေရတဲ့ လောင်းကစား လုပ်နေတဲ့သူတွေက ဦးဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အပြစ်ရှိတဲ့သူလည်း ရှိတယ်၊  တရုတ်နိုင်ငံထဲက အပြစ်ရှိတဲ့သူလည်းရှိတယ်။ တရုတ်တွေက မြန်မာ တွေကို လိမ်တာမဟုတ်သလို မြန်မာတွေက တရုတ်ကို လိမ်တာလည်းမဟုတ်ပါဘူး။ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိတဲ့ ပြည်ပြေးလူတစ်စုက ကျွန်တော်တို့ နှစ်နိုင်ငံလုံးကို လိမ်နေတာဖြစ်ပါတယ်။ အပြစ်ရှိတဲ့ သူတွေကို ဖော်ထုတ်အရေးယူရမှာ ဖြစ်ပါတယ်။ အကာအကွယ်ပေးသူတွေကိုလည်း အရေးယူရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြဿနာဖြစ်နိုင်တဲ့ နယ်မြေတွေကို တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ရပါမယ်။ ဒါမှ နှစ်နိုင်ငံရဲ့ ရေရှည်ချစ်ကြည်ရေး ခိုင်ခံ့မှာဖြစ်ပါတယ်။

မေး။ အခုနှစ်နိုင်ငံက အစည်းအဝေးလုပ်ပြီး ဖြေရှင်းနေတယ်ဆိုတော့ ဘယ်လိုနည်းလမ်း စီမံချက်တွေနဲ့ ဆောင်ရွက်နေပါသလဲ။

ဖြေ။  (တစ်)နှစ်နိုင်ငံ သတင်းအချက်အလက် ဖလှယ်တာရှိပါတယ်။ (နှစ်)နှစ်နိုင်ငံ Online စောင့်ကြည့်ရေး အဖွဲ့တွေဖွဲ့ပြီး စောင့်ကြည့်နေပါတယ်။  (သုံး) လက်တွေ့ဖမ်းဆီးမှုရှိ ပါတယ်။ တရုတ်နိုင်ငံက မြန်မာဘက်မှာ သံသယရှိတဲ့ စာရင်းပေးရင် လာတဲ့လမ်း ကြောင်းစုံစမ်းပြီး လိုက်လံဖမ်းဆီးတာတွေ ရှိပါတယ်။ အချို့လူတွေက တရားဥပဒေ ချိုးဖောက်တာ ခိုင်လုံရင်ဖမ်းဆီးပါတယ်။ မခိုင်လုံရင် စောင့်ကြည့်တာ မေးမြန်းတာ တွေလုပ်ပါတယ်။ ပေးလို့ရတဲ့  အချက်အလက်တွေ   အပြန်အလှန်ပေးပို့ပြီး တိုက်ဆိုင်စစ်ဆေးတာ ရှိပါတယ်။ ဒီသတင်း အချက်အလက်တွေကိုကြည့်ပြီး နှစ်နိုင်ငံ ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးတာရှိပါတယ်။ အဲဒီအပေါ်မူတည်ပြီး နှိမ်နင်း ဖမ်းဆီးတာတွေဆောင်ရွက်ပါတယ်။

မေး။ အဲဒါဆိုရင် ကွင်းဆင်းဖမ်းဆီးဖို့ ရှိပါသလား။

ဖြေ။ အဲဒါကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီနယ်မြေကို ဒီကိစ္စတစ်ခုပဲ ကုသလို့ မဖြစ်ဘူး။ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေ  ဝင်ရောက်ဖို့ လိုအပ်ပါတယ်။

မေး။ အခုထိ ဝင်လို့မရသေးဘူးပေါ့။

ဖြေ။ မှန်ပါတယ်။

မေး။  အဲဒီကို သွားမယ်ဆိုရင်   မြန်မာအစိုးရနဲ့ ဒေသခံတွေ တိုက်ပွဲတွေ ရှိနိုင်ပါသလား။

ဖြေ။  မှန်ပါတယ်။ ဒါကြောင့် တရုတ်-မြန်မာ ပူးပေါင်းပြီး တရားဥပဒေ စိုးမိုးရေးဝင်ဖို့  လိုမယ်လို့ ပြောခြင်းဖြစ်ပါတယ်။Phoenix Media ။ ကျေးဇူးတင်ပါတယ်။ အခုလိုရှင်းပြပေးတာ။

အထက်ပါ တွေ့ဆုံမေးမြန်းမှုအပြည့်အစုံအား Phoenix New Media တွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။