လွိုင်ကော်မြို့အတွင်းရှိ တန်ခိုးကြီးဘုရားများ၌ လာရောက်ဖူးမြော်သူများဖြင့် စည်ကား

 

လွိုင်ကော်မြို့အတွင်းရှိ တန်ခိုးကြီးဘုရားများ၌ လာရောက်ဖူးမြော်သူများဖြင့် စည်ကား

၂၀၂၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် လွိုင်ကော်မြို့တွင်းရှိ   သီရိမင်္ဂလာ တောင်တောင် (တောင်ကွဲ)စေတီအပါအဝင် တခြားသော တန်ခိုးကြီးဘုရားများ၌ လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့သည်  ဗုဒ္ဓဘာသာအား   သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ရာ ပြည်သူလူထုများမှာ လွိုင်ကော်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ လှူဖွယ်ဝတ္ထုများဖြင့် ကျောင်းတက် ကုသိုလ်ပြုလှူဒါန်းမှုများဖြင့် စည်ကားလျက်ရှိပြီး တန်ခိုးကြီးဘုရားများဖြစ်သည့် သီရိမင်္လာတောင်တော် (တောင်ကွဲ)စေတီနှင့် မြို့နာမ်စေတီများ အပါအဝင် အခြားသောစေတီပုထိုးများသို့ ပန်း၊ ရေချမ်းများကပ်လှူ၍  လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့ပြင်    နောင်ယားကန်သာနှင့် မင်းကျောင်းကန်သာ စသည့် အပန်းဖြေနေရာများတွင်လည်း  လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။