ဖိလစ်ပိုင်က အရှေ့တောင်အာရှ၌ ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်

မနီလာ၊ ကျန်းမာရေး

ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ် ၁၁ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၂၉၈၇ ဦးရှိသည့်အတွက် ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၁၂၉၅၃၈ ဦးအထိရှိလာပြီး အရှေ့တောင်အာရှ၌ ဗိုင်းရပ်ကူးစက်မှုအများဆုံးနိုင်ငံ အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

သြဂုတ် ၁၁ ရက်တွင် ဗိုင်းရပ်ကူးစက်မှုကြောင့်သေ ဆုံးသူ ၁၉ ဦးရှိသောကြောင့် နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း ၂၃၁၂ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လူထုအတွင်း ဗိုင်းရပ်ကူးစက်မှု ကျဆင်းစေရေးအတွက် ဗိုင်းရပ်ကူးစက် ခံရသူများကို သီးသန့်ခွဲထားနိုင်ရန် ဗိုင်းရပ်ကူး စက်ခံရ သူများနှင့် ထိတွေ့ဖူးသူများ ကို ခြေရာခံလိုက်မှုတင်းတင်းကျပ်ကျပ်လုပ်ဆောင်ရ မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဟယ်ရီ ရော့ကပြောသည်။

အလားတူ  ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအစီအစဉ်ကို အဆင့် မြှင့်တင်သွား မည်ဖြစ်ပြီး မနီလာမြို့၌ ကျန်းမာရေး ဝန်ထမ်းအင်အားကိုဖြည့်တင်းပေးသွားမည်ဟု သိရသည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေသည် မနီလာမြို့ နှင့်အနီးဝန်းကျင်ပြည်နယ်များကို တင်းကျပ်သောအသွား အလာ တားမြစ်ကန့်သတ်မှုများချမှတ်ထားပြီး အဆိုပါ ကန့်သတ်မှုများခိုင်မာစေရေးအတွက် စစ်ဘက်ကိုတာဝန် ပေးသွားမည်ဟု ပြောထားသည်။

ထို့ပြင် ဒူတာတေသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများအခမဲ့ထောက်ပံ့ပေးမည့် ရုရှားနိုင်ငံ၏ကမ်းလှမ်း မှုကိုလည်း ကြိုဆိုထားကြောင်းသိရသည်။