ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တပ်ကုန်းမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပြည်သူများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တပ်ကုန်းမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပြည်သူများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော်  အောက်တိုဘာ  ၃၁

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ် မဲပေးခြင်း၊ မဲဆန္ဒရှင်များက မဲပေးစက်၏ ထိန်းချုပ်စက် (Control

Unit)) ကို    ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့်    မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ယင်းတို့အနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျ ကိုင်တွယ်နိုင်ခဲ့ပြီး မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ခြင်း၊ မဲရလဒ်များသည်လည်း  မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို လက်တွေ့သိရှိခဲ့ရပြီး    မဲပေးစက်အပေါ်   ယုံကြည်သဘောကျ နှစ်သက်မှုရှိကြောင်း သိရသည်။

အဆိုပါ လက်တွေ့စမ်းသပ် မဲပေးခြင်း အခမ်းအနားများသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင် ဒေါက်တာခင်မောင်ထွန်းနှင့် ဦးထွန်းထွန်းမင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ၊ ဘုရင့်နောင်ရပ်ကွက်၊ အောင်ဇေယျ ရပ်ကွက်၊ ကင်းသာကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်း ကျေးရွာအုပ်စု၊ ထုံးဖိုကျေးရွာအုပ်စု၊ အောင်မြေရိပ်သာ ကျေးရွာအုပ်စု၊ ရွေးစုကျေးရွာအုပ်စု၊   ထန်းတောကြီးကျေးရွာအုပ်စုနှင့်   ရေအေးကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ   တက်ရောက်ခဲ့ကြသည်။ 

တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၂ ခုမှ မဲဆန္ဒရှင်ပြည်သူများကို ရှင်းလင်းသရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို ယနေ့မှ နိုဝင်ဘာလ ၆ ရက်အထိ   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။