တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Mr.OUYANG Daobing ဦးဆောင်သည့်  ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Mr.OUYANG Daobing ဦးဆောင်သည့်  ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တွေ့ဆုံ

 

နေပြည်တော်  အောက်တိုဘာ  ၃၁

    အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်နိုင်ငံမှ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်ရေးအတွက်   လာရောက်လေ့လာသည့် အင်ဂျင်နီယာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍  ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

တွေ့ဆုံပွဲသို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။