တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (Mr. Wang Xiaohong ) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တွေ့ဆုံ၊ မြန်မာ-တရုတ် နှစ်နိုင်ငံလူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လုပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (Mr. Wang Xiaohong ) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တွေ့ဆုံ၊ မြန်မာ-တရုတ် နှစ်နိုင်ငံလူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေး

နေပြည်တော်  အောက်တိုဘာ  ၃၁

 

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ   နိုင်ငံတော်ကောင်စီဝင်နှင့်  ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (Mr. Wang Xiaohong))   ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်  ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့    ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ  ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊   မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး  Mr.  Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်နိမိတ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများ အဆင်ပြေအေးချမ်းစွာ    အပြန်အလှန် ကူးလူးဆက်သွယ် သွားလာနေထိုင် လုပ်ကိုင် နိုင်ရေးအတွက် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တရုတ်- မြန်မာနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ   ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့်  နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးများ နှစ်စဉ်အပြန်အလှန်ကျင်းပ၍ လုပ်ငန်းများနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ယင်းအစည်းအဝေးများ၏ဆုံးဖြတ်ချက်များအပေါ် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊   မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် နည်းပညာနှင့် လိုအပ်ချက်များ မျှဝေပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်ရေး၊  မြန်မာ-တရုတ်-ထိုင်း-လာအို လေးနိုင်ငံ ပူးပေါင်း၍နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊   လူကုန်ကူးမှုနှင့် Online ဂိမ်းလောင်းကစားမှုများ မရှိစေရေးတို့အတွက်   ထိရောက်စွာ အတူလက်တွဲ ဆောင်ရွက်ရေး၊   နှစ်နိုင်ငံနယ်စပ်တွင် လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အမြန်ဆုံး တည်ငြိမ်အေးချမ်း ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေး အတွက် နှစ်နိုင်ငံအရေးကိစ္စ များအား လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။