တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ဟင်္သာတ မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ဟင်္သာတ မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၅

          ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူး ရွာ၌ အခြေပြု၍ ဒေသခံပြည်သူ ၁၂၃၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၃၇၈ ဦး၊ ခွဲစိတ်ရောဂါ ၁၀၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၆၃ ဦး၊ ကလေးရောဂါ ၆၂ ဦး၊ အရိုးရောဂါ ၂၀၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၈၆ ဦး၊ မျက်စိရောဂါ ၂၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၅ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

          ၎င်းအပြင် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ပေါ်၌ နိုဝင်ဘာလ ၄ ရက် ည ၁၁ နာရီ ၃၇ မိနစ်တွင် ငပုတောမြို့နယ်၊ ကျုံကူးရွာနေ မီးဖွားလူနာ ဒေါ်တင်တင်မြင့်ကို (၆ ပေါင် ၈ အောင်စ)ရှိ သားရတနာတစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့် ကလေးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ)က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စား ပေးအပ်ခဲ့ သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံး မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသပေးမှု သမိုင်း မှတ်တမ်းတွင် ၁၉ ဦး မြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

          အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်၊ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိ နေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ   ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် င်္ဟသာတမြို့၊ ပခမ်းရပ်ကွက်၊ ပွဲရုံလမ်း၊ ကမ်းနားဆိပ်ကမ်းသို့ရောက်ရှိကြရာ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဟင်္သာတမြို့ရှိ လယ်တော်ပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၃ ဦး၊ ခွဲစိတ်ရောဂါ ၅၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၄ ဦး၊ အရိုးရောဂါ ၅၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၁ ဦး၊ မျက်စိရောဂါ ၁၁၄ ဦးနှင့် သွားရောဂါ ၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

      ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

      ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်မှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဦးဝင်းလွင်

လက်ရှိအနေအထားကတော့ဒူးကတော့မကောင်းတာတစ်နှစ်လောက်ရှိပါပြီ၊လမ်း သွားလို့ရှိရင်နာနေတာပေါ့၊အခုလာပြတာပါ၊ဆရာဝန်ကတော့ ဒူးကိုလက်ရှိအနေအထား ကတော့သောက်ဆေးပဲသောက်ပါပြောပါတယ်၊ နောက်ပိုင်းကျရင်တော့ ဒူးထဲကိုဆေး ထိုးရမယ်လိုပြောပါတယ်၊ဝမ်းသာတာပေါ့၊အခုဆိုတစ်နေရာတဲမှာ ရောဂါပေါင်းစုံကို ပြ လိုရတယ်၊ကျွန်တော်မြို့ကပြည်သူတွေကနယ်လှည့်ဆေးကုသရေးအဖွဲ့ကိုစောင့်နေတာကြာပါပြီ၊အခုလိုကျန်းမာရေးအဖွဲ့တွေနှင့်တပ်မတော်သားဆရာဝန်တွေပါ လာရောက် ပြီးပြည်သူတွေကိုကုသပေးတဲ့အတွက် အတိုင်းအထက်အလွန်ဝမ်းသာပါတယ် ၊နောက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းနဲ့ ပြည်သူတွေကိုလာပြီး ဂရုတစ်စိုက်ပြုစုပေးတဲ့ အတွက် ပြည်သူတွေကိုယ်စားဝမ်းသာအာရပါကြောက်းပြောလိုပါတယ်။

နှင်းအိဖြိုး

မျက်စိဖြစ်တာတစ်နှစ်ကျော်လောက်ကြာပါပြီ၊ပုသိမ်မှာသွားပြဖို့ကငွေရေးကြေးရေးမတက်နိုင်တဲ့အတွက်တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ကလာရောက်ပြီးကုပေးတဲ့အတွက်မျက်စီလာရောက်ပြသတာပါ၊အရင်တုံးကမျက်စီကကိုက်တယ်၊ကောင်းကောင်းမွန်မွန်နွေးထွေးစွာကုသပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်၊အခုလိုစီစဉ်ပေးတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချူပ်နှင့်တာဝန်ရှိသူတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။