တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် မြန်အောင် မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် မြန်အောင် မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၉

      ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၆၃ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၂၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ ၄၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃ ဦး စုစုပေါင်း ၂၃၉ ဦး တို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ မျက်စိခွဲစိတ်လူနာ များအား ဆေးမျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။

    ထို့ပြင် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)၌ ၂၀၁၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် မွေးဖွားပေးခဲ့သည့် သမီးငယ် မေသံလွင်ကို တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

    အလားတူ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူး ကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်တော်အေးဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့် အထူး ကုဆေးအဖွဲ့သည် မြန်အောင်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၃၁ ဦး၊ ခွဲစိတ်ရောဂါ ၉၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၆ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၈ ဦး၊ မျက်စိရောဂါ ၂၂၈ ဦးနှင့် သွားရောဂါ ၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်လူနာ ၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၈ ဦး စုစုပေါင်း ၈၃၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက် ကုသရန်လိုအပ်သူ ၁ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

          ၄င်းအပြင် မြန်အောင်မြို့နယ်၊မြို့မရေလယ်ကျွန်းနေ ဉီးနေလင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်ယမင်းသူအား သားဖွားမီးယပ် ပါရဂူ ဗိုလ်ကြီးအောင်အောင်က သားဦးရတနာကို ယနေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ခွဲစိတ်၍မွေးဖွားပေးခဲ့ရာ ကလေးငယ်မှာ ကိုယ်အလေးချိန် ၇ ပေါင် ၇ အောင်စရှိ သားငယ်လေးအား မွေးဖွား ပေးနိုင်ခဲ့ပြီး မိခင်နှင့် ကလေးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိသည် အဆိုပါ ကလေးငယ်အား ကာကွယ်ရေးဉီးစီးချုပ်(ရေ)မှ မောင်ဘုန်းလင်းရွှေ ဟု အမည်ပေးပြီး ထောက်ပံ့ငွေနှင့် အဟာရပြည့်စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက ကိုယ်စား ပေးအပ်သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံး အကြိမ် မွေးဖွားသော ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၏ ဆေးကုသမှု သမိုင်းမှတ်တမ်းတွင် (၂၇) ယောက် မြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။

          ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

 

ဒေါ်ညွန့်ကြည်(ကညင်ချောင်းကျေးရွာ၊ဟိုင်းကြီးကျွန်း)

    “မျက်စိကတော့ ကွယ်တာတစ်နှစ်ကျော် သွားပါပြီ။ နယ်လှည့်ဆေးကုသမှုသင်္ဘော လာတယ်ဆိုတော့  အရမ်းပျော်ပြီးတော့ အခုလိုလာရောက်ကုသတာပါ။ မျက်စိက မကုနိုင်တော့ဘူးလို့ ညတိုင်းငိုမိပါတယ်။ မနက်တိုင်းသမီးဖြစ်သူဈေးရောင်းဖို့သွားရင် လည်း ထမင်းအိုးကိုမမြင်မကန်းနဲ့တည်ရပါ တယ်။ ငါ့ကိုကုသပေးမယ့်သူမရှိပါလားလို့ တွေးမိပါတယ်။ အခုလိုကြားတော့ ဘယ်လိုဝမ်းသာမိမှန်းမသိပါဘူး။ အခုလိုကုသပေးတဲ့ အတွက် အရမ်းပျော်မိပါတယ်။ မျက်စိကညာဘက်ကအရမ်းဆိုးပြီး ဘယ်ဘက်ကမှုန်ပြီးတော့ အခုတော့ကောင်းသွားပါပြီ။

အကုန်မြင်ရပါပြီ။ အခုတော့မျက်စိကောင်းသွားတော့   ဈေးရောင်းဈေးဝယ်အရမ်း လုပ်ချင်တာပါ။ အခုလုပ်လို့ရပါပြီ။  အခုလို မျက်စိလည်းကုပေးတယ်။ စားရေးသောက်ရေးကအစ အကုန်စီစဉ် ဆောင်ရွက်ပေးပါတယ်။ လမ်းစရိတ်လည်းမကုန်ပါဘူး။ ကားနဲ့လိုက်ပို့ပေးပါတယ်။ အခုလည်းကားနဲ့ပြန်ပို့ပေးမယ်လို့ပြောပါတယ်။  အခုလိုစေလွှတ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကို အများကြီး ကျေးဇူးတင်ပါတယ်”ဟုပြောသည်။

မချိုမာဝင်း(ရေကန်ကျေးရွာ၊ မြန်အောင်မြို့)

    “ကျွန်မက ခုဆိုနှစ်နှစ်လောက်ရှိပြီပေါ့ နော်။ မနက်မိုးလင်းကတည်းက အမှုန်ဝင် တာပေါ့။ လယ်လုပ်တာဆိုတော့ စပါးအမှုန်တွေ ဘာတွေဝင်တာပေါ့။ တစ်နေ့လုံးနှာချေတယ်။ ထိပ်ကပ်နာဖြစ်ချင်တဲ့ ရောဂါပေါ့နော်။ ခုက ပါရဂူတွေလာမယ်ဆိုတော့ ဒီကဆရာဝန်တွေနဲ့ပြမယ်ဆိုပြီးလာလိုက်တာ။

ဒီကဆရာဝန်တွေက အကုန်စေတနာကောင်း ပါတယ်။  ရောက်တာနဲ့အကုန်ကြိုဆိုတာ တွေရော အဆင်ပြေပါတယ်။ တချို့ကျတော့ ငွေကြေးမတတ်နိုင်ကြဘူးလေ။ ပြသဖို့ကျ တော့ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ ပိုက်ဆံ မတတ်နိုင်တော့  တော်ရုံတောသူ တောင် သားတွေ မလုပ်နိုင်ကြဘူး။ အခုဟာကတော့ တောသူတောင်သားတွေရော၊ မရှိတဲ့သူရော၊ရှိတဲ့သူရော အကုန်လုံးအတွက်  အခုလိုလာလုပ်ပေးတာအဆင်ပြေပါတယ်။  ကိုယ် တွေကအစ အမှန်ပြောရရင် သွားမယ်လာ မယ်ဆိုမသွားနိုင်ဘူးပေါ့။ သွားဖို့အရေးကို ခက်ခဲနေတာ။ အခုဟာကတော့ ဒီမှာလာ ကုပေးတော့အဆင်ပြေပါတယ်။ လာရောက်ကုသပေးတဲ့  ဆရာဝန်တွေအားလုံးကို ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေလိုပဲ တခြားသူတွေလည်း အဆင်မပြေတဲ့သူတွေရှိကြမှာပဲလေ။ အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ အားလုံးကို ကျွန်မအနေနဲ့ တကယ့်ကိုကျေးဇူးတင်ပါတယ်။ အားလုံးအတွက် အဆင်ပြေအောင်လုပ်ပေးတဲ့အတွက် တကယ့်ကိုကျေးဇူးတင်ပါတယ်}}ဟု ပြောသည်။