တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ပန်းတောင်း မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် ပန်းတောင်း မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၁

ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၃၃၈ ဦး၊ ခွဲစိတ်ရောဂါ ၅၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၈ ဦး၊ ကလေးရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၇၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၁၆၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၀ ဦး၊ မျက်စိခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၉ ဦး စုစုပေါင်း ၈၂၃ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၄ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ ထုံးဘိုမြို့ ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်း ဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ထုံးဘိုမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌  အခြေပြု၍ ထုံးဘိုမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ အား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၂၁ ဦး၊ ခွဲစိတ်ရောဂါ ၅၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၄ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၆၅ ဦးနှင့် သွားရောဂါ ၂၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၂ ဦး စုစုပေါင်း ၅၄၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဒေါ်တင်နွဲ့( သက်ကယ်ကွင်း ကျေးရွာ၊ ငရုတ်ကောင်းမြို့)

အဖွားရဲ့ ရောဂါက ကျောင်းဈေးမှာ မုန့်သွားရောင်းတာ ပြစ်လဲတယ် ပြစ်လဲ တော့ အရင်းက ကျိုးသွားတယ်လို့ ပြောတယ်။ ပေါင်ရင်းက ၁၅ ရက်လောက်ရှိ ပါပြီ။ အဖွားလဲတဲ့ အချိန်က နာရီဝတ် ကျော်ကျော်လောက် မေ့နေတယ်။ သူများ တွေ ကုန်းကပ်ထလိုက်တော့ အဖွားက ငြီးတယ် ကိုက်တယ် အဖွားက ဒီနေ့ထိ ငြီးနေတယ် ကိုက်နေတယ် နေလို့စားလို့ မရဘူး။ သားတစ်ယောက်က ဘာအလုပ်မှ လဲ သူများစီမှာ မလုပ်ရဘူး အဖွားကို ချီ လိုက် ချ လိုက် ရေချိုးလိုက် သူ့ကိုလည်း အားလဲအားနာတာပေါ့ ။ အဖွားရဲ့ ပေါင်ရင်းကျိုးတာ သိန်း ၃၀ ကျော်လောက် ကုန်မယ်။ အဖွားမှာ မရှိတော့ အဖွားကိုလေ အဲ့ဒီဆရာဝန်ကြီး တွေက ကုန်ပါစေ ရန်ကုန်ထိရောက်အောင် ကုပေးပါမယ် ပြောတော့ အဖွားရင်ထဲမှာ တော်တော် ပျော်နေတာ။ အားလဲ အားရှိသွားပါတယ်။ ပျော်လည်းပျော်တယ် ရင်ထဲမှာလည်း ဘယ်လိုခံစားရမှန်း မသိဘူး။ အဖွားသီးသီး ဆိုလည်း ကုလဲ မကုနိုင်ပါဘူး။ ဒီလိုပဲ နေရမှာပေါ့ အလာကား ကုပေးမယ်ဆိုတော့ အဖွားကျေးဇူးလည်း တင်ပါတယ်။ အခုလို စီစဉ်ပေးတဲ့ တပ်မတော် အကြီးအကဲနဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ပါ တယ်။

ဒေါ်မူမူအေး( ကမြိုင်ကျေးရွာ၊ထုံးဘိုမြို့)

 အစ်မက မျက်စိမကောင်းဘူးလေ မျက်စိကမှုန်နေတာကြာပြီ ပြချင်တယ်ပေါ့ နော်။ အဲ့လို အတိအကျတွေနဲ့ ပါရဂူတွေနဲ့ ပြချင်တာ ဒါပေမယ့် မကြုံကြိုက်တော့ မပြရဘူးပေါ့။ ခုတော့ကြုံတော့ လာပြရတာပေါ့နော်။ သေချာ စမ်းသပ်ကြည့် လိုက်တော့ ကိုယ့်ဟာကိုယ်တော့ အရင်တုံးက သံသယတွေနဲ့ နေခဲ့ရတာပေါ့။ မျက်စိက ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူးဆိုတော့လေ။ အခုတော့ သေချာစမ်းသပ်ပြီး တဲ့အခါကြတော့ ပါရဂူတွေကနေ မျက်မှန်လိုအပ်တယ်။ သောက်ရမယ့်ဆေးတွေ ညွှန်ကြားတယ်ပေါ့နော်။ ပါဝါတွေလည်း ဘယ်လောက်နဲံ ဘယ်လောက်တတ်ရမယ် ပြောပြတဲ့အတွက် အခုအစ်မအဆင်ပြေသွားပြီး။ အပြင်မှာ အခုလိုကာလမျိုးမှာ မျက်မှန် တစ်လက်လုပ်ဖို့ဆိုတာလည်း မလွယ်ဘူးလေ။ မျက်စိပြသစမ်းသပ်ဖို့ဆို တာလည်း မလွယ်ဘူးလေ။ အဲ့ဒီအတွက် အစ်မတို့က ဒီလိုအခြေအနေကို စောင့်နေ တာကွာ အခုရောက်လဲရောက်လာရော တစ်ကယ်လို့ အပြင်မှာ ပြမယ်ဆိုရင် တော်တော်လေး အစ်မတို့အတွက် မပြနိုင်တဲ့ အခြေအနေပေါ့ကွယ်။ အခုလို ဗိုလ်မှူးတို့ ဗိုလ်ကြီးတို့ ပါရဂူတွေလာတော့လေ ပိုပြီးတော့ အဆင်ပြေတာပေါ့ အစ်မတို့က။ ကျေးဇူးတင်ပြတယ် တကယ်ကို ကျေးဇူးတင်ပါတယ် လှိုက်လှိုက် လဲလဲပေါ့။ အစ်မတို့ဆို သွားတောင်ကြိုတာ ကမ်းနားမှာ ဆေးမှူး၊ ဗိုလ်မှူးတို့အဖွဲ့ ကို သွားကြိုပြီးမှ ဒီမှာလာပြီးတော့ ပြန်ပြီး ဆေးကုတာ ။ တကယ်ကျေးဇူးတင်ပါ တယ်။ နိုင်ငံတော်အကြီးအကဲတွေရော တာဝန်ရှိသူတွေရော အခုလို လိုလေသေး မရှိ အစစအရာရာပံ့ပိုးပေးတယ်။ ခုဒီလာတော့လည်း ကြိုဆိုရေးအဖွဲ့တွေရော ဘာတွေရောပေါ့နော် အကုန်လုံးကလည်း ဖော်ရွေကြတယ်ပေါ့နော်။ ကျေးဇူးတင်ပါ တယ်လို့ နောက်ကျရင်လည်း ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။