တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မာန်အောင်မြို့နယ်နှင့် ပြည်မြို့တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၃

ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့သို့ ရောက်ရှိကြရာ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့၊ မာန်အောင်ခန်းမ၌ အခြေပြု၍ မာန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၃၉ ဦး၊ ခွဲစိတ်ရောဂါ ၈၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၈ ဦး၊ ကလေးရောဂါ ၆၉ ဦး၊ အရိုးရောဂါ ၁၄၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၂၃၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၀၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၆ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၂၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၁ ဦး စုစုပေါင်း ၁၂၂၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၄ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ နဝင်းရပ်ကွက် ဖောင်တော်ဦးဆိပ် သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီ ကျောင်း တိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၂၃ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၁၄ ဦး၊ အရိုးရောဂါ ၆၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၈၆ ဦးနှင့် သွားရောဂါ ၁၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၅ ဦး စုစုပေါင်း ၃၈၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံ ပြည်သူ ၂၆၈ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ အားဖြည့်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
 
မျက်စီကန်းနေတာ၂နှစ်၃နှစ်ရှိပါပြီ၊မျက်စီနှစ်လုံးကအောင့်နေပါတယ်၊ပိုက်ဆံမရှိလို့မခွဲရပါဘူး၊အခုတပ်မတော်နယ်လှည်ဆေးကုအဖွဲ့ရောက်လာတော့ ကျွန်မကိုသင်္ဘော ပေါ်မှာမျက်စီခွဲပါတယ်၊သွားရေးလာရေးအစဉ်ပြေအောင်အားလုံးလုပ်ပေးပါတယ်၊ကျွန်မကိုမျက်စိကုပေးတဲ့ဆရာ ဆရာမများကို ကျေးဇူးတင်ပါတယ်၊မျက်စိမြင်ရတဲ့အတွက် ဝမ်းသာပါတယ်၊အခုလိုကုသပေးတဲ့အတွက်တပ်မတော်အကြီးအကဲနှင့်တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်၊

ကျွန်မဒူးနားနေတာကြာပါပြီ၊တောလုပ်တောကိုင်လုပ်ပါတယ်၊ဒူးနားနေတော့အ စဉ်မပြေပါဘူး၊ သွားလိုလာလို့တောင်ဝှေ့လေးနဲ့ သွားရပါ လိုလာရောက်ကုသတာပါ၊ ဒိရောဂါဝေဒနာအမြန်ပျောက်ချင်ပါတယ်၊ ညတုံးကရွာကလူကြီးက လာအော်ပါတယ်၊ ဆေးကုရေးအဖွဲ့တွေလာလိုက်မယ်၊သွားရောက်ပြသချင်တဲ့သူရှိရင်ပြသနိုင်ကြောင်း၊စာရင်းပေးပါဆိုလို့စာရင်းပေးပြီးလာရောက်ကုသတာပါ၊ဒီရောဂါဖြစ်တာနှစ်နှစ်လောက်ရှိပါပြီး၊နေလိုမကောင်း၊ထလို့လဲ့မကောင်းဖြစ်နေတာ၊အခုမှနည်းနည်းသက်သာတာပါ၊အရင်တုံးကဆိုတောင်ဝှေ့နဲ့သွားရပါတယ်၊အလုပ်လုပ်ဖို့မပြောပါနဲ့သွားရေးလာရေးတောင်အ စဉ်မပြေပါဘူး၊အပေါ်နဲ့အောက်နဲ့ဆင်းလိုတောင်အစဉ်မပြေပါဘူး၊ပျောက်ချင်ဇောနဲ့လာရောက်ပြသတာပါ၊ဆရာဆရာမတွေအကုန်တော်ပါတယ်၊ညွန့်ကြားမူးတွေလည်းပေးပါတယ်၊ပြေလည်စွာအားလုံးကိုလည်းဆက်ဆံပေးပါတယ်၊ဒီလိုမျိုးခက်ခက်ခဲခဲမကုသနိုင်တဲ့သူတွေကို ကုသပေးနိုင်တာ၊ခွဲမဲ့စိတ်မဲ့သူတွေကို ငွေရေးကြေးရေးအရ မခွဲနိုင်တဲ့ သူ တွေကို လာရောက်ခွဲစိတ်ကုသပေးတဲ့အတွက် အလွန်အလွန်ကို ကျေးဇူးတင် ပါတယ်၊အခုဆို မခွဲနိုင်သူတွေခွဲနိုင်သွားပြီ မကုသနိုင်တဲ့သူတွေ ကုနိုင်သွားပြီဖြစ် တဲ့ အတွက် အလွန်ကျေးဇူးတင်ပါတယ်။

ဒေါ်သန်းသန်းချစ်

မျက်စီကန်းနေတာ၂ နှစ် ၃ နှစ်ရှိပါပြီ၊မျက်စီနှစ်လုံးကအောင့်နေပါတယ်၊ပိုက်ဆံမရှိလို့မခွဲရပါဘူး၊အခုတပ်မတော်နယ်လှည်ဆေးကုအဖွဲ့ရောက်လာတော့ ကျွန်မကိုသင်္ဘော ပေါ်မှာမျက်စီခွဲပါတယ်၊သွားရေးလာရေးအစဉ်ပြေအောင်အားလုံးလုပ်ပေးပါတယ်၊ကျွန်မကိုမျက်စိကုပေးတဲ့ဆရာ ဆရာမများကို ကျေးဇူးတင်ပါတယ်၊မျက်စိမြင်ရတဲ့အတွက် ဝမ်းသာပါတယ်၊အခုလိုကုသပေးတဲ့အတွက်တပ်မတော်အကြီးအကဲနှင့်တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်၊

ဒေါ်မြဝင်း