အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေ

အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေ

 

နေပြည်တော် နိုဝင်ဘာ ၁၄

    ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီ-နီကိုးဘားကျွန်းတို့တွင်  ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)  သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ရောက်ရှိခဲ့သည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ    ၁၅-၁၁-၂၀၂၃ ရက်တွင် ဘင်္ဂလား ပင်လယ်အော်အနောက် အလယ်ပိုင်း၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ရောက်ရှိနိုင်သည်။ ထို့နောက် အနောက်မြောက်ဘက် သို့ ရွေ့လျားနိုင်ပြီး ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း အင်ဒရာပရာဒေ့ရှ် ကမ်းလွန်တွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး ထိုမှတစ်ဆင့် မြောက်-အရှေ့ မြောက်ဘက်သို့ ပြန်ကွေ့ကာ ၁၇-၁၁-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း သြရိဿ ကမ်းလွန်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

(မိုး/ဇလ)