ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)၌ ဆေးရုံ တက်ရောက်ကုသနေသော ဝေဒနာရှင်များအတွက်  အလှူငွေများ ပေးအပ် လှူဒါန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)၌ ဆေးရုံ တက်ရောက်ကုသနေသော ဝေဒနာရှင်များအတွက်  အလှူငွေများ ပေးအပ် လှူဒါန်း

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)၌ တက်ရောက်ကုသနေသော ဝေဒနာရှင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှ  အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး ဧည့်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)မှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အလှူငွေကျပ်သိန်း(၁၂၀)အား ပေးအပ်လှူဒါန်းရာ စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)မှ တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။