သံတောင်ကြီးမြို့၌ ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိ

သံတောင်ကြီးမြို့၌ ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိ

 

    ကရင်ပြည်နယ်  ဘားအံခရိုင် သံတောင်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ သည် အသက်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြရာ ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး နိုဝင်ဘာလတွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိကြောင်း ဂေါ်ရခါးစိုက် တောင်သူများထံမှ သိရသည်။

အဆိုပါဂေါ်ရခါးသီးများသည် လူကြိုက်များသည့် သီးနှံဖြစ်ပြီး   ကြော်စား၍သော် လည်းကောင်း၊  ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ် ချက်စားရာတွင် လည်းကောင်းစားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ  နွေ၊  မိုး၊ ဆောင်းရာသီမရွေး အသီးသီးပြီး   ဆောင်းတွင်းကာလတွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။ 

ဂေါ်ရခါးသီးများကို  သံတောင်ကြီး မြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြသည်။ ဂေါ်ရခါးပင်များသည် ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများ အနေဖြင့် အပိုဝင်ငွေရရှိကာ  မိသားစုအဆင်ပြေလျက် ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။