မူဆယ်သို့ တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲအိတ်ရေ ခြောက်သောင်းကျော် ဝင်ရောက်နေ

မူဆယ်သို့   နယ်စုံမှ  တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲအိတ်ရေ  ခြောက်သောင်းကျော်  ဝင်ရောက်နေပြီး အရောင်းအဝယ်ကောင်းနေကြောင်း  မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ  ဦးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလအတွင်း  နယ်စုံမှ မူဆယ်သို့ တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲအိတ်ရေ နှစ်သောင်းကျော်သာ ဝင်ရောက်ရာမှ အောက်တိုဘာလကုန်မှစ၍ တင်ပို့မှုတဖြည်းဖြည်းများလာပြီး   နိုဝင်ဘာလဆန်းပိုင်းတွင် အိတ်ရေ သုံးသောင်းခွဲနှင့်  လက်ရှိတွင်  အိတ်ရေ  ခြောက်သောင်းကျော်အထိ ဝင်ရောက်မှုမြင့်တက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံကို ဆန်အိတ်ရေ ခြောက်သောင်းလောက်    ပုံမှန်တင်ပို့ရတယ်။ အကျိုးအမြတ်လည်းရှိပါတယ်။   ဒါပေမဲ့ ကားတွေတန်းစီရတဲ့   အခက်အခဲတော့ ရှိတယ်။ မူဆယ်ကနေ ကြယ်ဂေါင်ကိုရောက်ဖို့  တန်းစီရတာ ၁၀ ရက်ကြာတယ်}}  ဟု ဦးမင်းသိန်းကပြောသည်။

မူဆယ်ဈေးကွက်၌  လက်ရှိ  ကီလို ၅၀ ဆန်ကွဲတစ်အိတ်လျှင် ၁၂၈ ယွမ်၊ သုခဆန် ကီလို ၅၀ တစ်အိတ်လျှင် ၁၃၅ ယွမ်၊ ငစိန်ဆန်တစ်အိတ်လျှင် ၁၃၆ ယွမ်၊ မှော်ဘီဆန်တစ်အိတ်လျှင် ၁၃၈ ယွမ်အထိ ဈေးနှုန်းရှိနေပြီး တစ်အိတ်လျှင် ၂ ယွမ်မှ ၅ ယွမ်ဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့သည့်ပါမစ်များကို ယခုနှစ်အတွင်း

ထုတ်ပေးသည့်ပမာဏထက် ၂၀၂၁ ခုနှစ်တွင် သုံးဆပိုမိုထုတ်ပေးမည်ဖြစ်၍ အလားအလာပိုကောင်းနိုင်ကြောင်း၊ လတ်တလောတွင် မူဆယ်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းနှင့် အနောက်ခြမ်း၊ ရန်ကုန်တိုင်းဒေသကြီးခရမ်း၊ သုံးခွနှင့် ကျောက်တန်းမြို့နယ်တို့မှ ဆန်များ တိုက်ရိုက် ဝင်ရောက်နေကြောင်း သိရသည်။                     

 နေနေ