နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများ ပုံမှန်ရောင်းချလျက်ရှိ

နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများ ပုံမှန်ရောင်းချလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ ၁၇

    ရန်ကုန်သီလဝါဆိပ်ကမ်း ဒေသကြီးရှိ စက်သုံးဆီ  Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။

    ထိုသို့ဖြန့်ဖြူးပေးလျက်ရှိသဖြင့်   နိုင်ငံတစ်ဝန်းရှိ  အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှု အခြေအနေမှာ ယခင်ကဲ့သို့  ပုံမှန်အတိုင်းဖြစ်ပြီး စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ အနေဖြင့် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ပြည်ထောင်စုနယ်မြေ  နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များမှ အများပြည်သူသို့ စက်သုံးဆီ ရောင်းချနေမှုများကို  စစ်ဆေးဆောင်ရွက်ခြင်း၊ အများပြည်သူသို့  ရောင်းချပေးသည့်  စက်သုံးဆီများ အခြင်အတွယ်မှန်ကန် ကိုက်ညီမှုရှိစေရန်အတွက် လီတာ(၂၀)စံခြင်ခွက်များဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီ လာရောက်ဝယ်ယူသူများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။