ရန်ကုန်သီလဝါဆိပ်ကမ်း ဒေသကြီးရှိ စက်သုံးဆီ Terminal များမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ စက်သုံးဆီသယ်ယာဉ်(Bowser)များဖြင့် စက်သုံးဆီများ နေ့စဉ်ပို့ဆောင်လျက်ရှိ

ရန်ကုန်သီလဝါဆိပ်ကမ်း ဒေသကြီးရှိ စက်သုံးဆီ Terminal များမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ စက်သုံးဆီသယ်ယာဉ်(Bowser)များဖြင့် စက်သုံးဆီများ နေ့စဉ်ပို့ဆောင်လျက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၁၈

    သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Termina ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊PSW Terminal ၊    Regency SPC Terminal  များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal  တို့မှ စက်သုံးဆီများအား ဆီသယ်ယာဉ် (Bowser)များဖြင့်   ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည်။

    ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ နိုဝင်ဘာလ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၂၆၁ ဆိုင်သို့    ဆီသယ်ယာဉ် (Bowser) ၁၆၀၂ စီးဖြင့် 92 Ron ဂါလန် ၁ သန်း ၄ သိန်းကျော်၊ 95 Ron ဂါလန် ၃ သိန်း ၆ သောင်းကျော်၊ ဒီဇယ်ဆီ ဂါလန် ၁ သန်း ၁ သိန်း ၅ သောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ၁ သန်း ၅ သိန်း ၄သောင်း ကျော်အား ပို့ဆောင်ဖြန့်ဖြူးနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ   အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှု အခြေအနေမှာ ပုံမှန်အတိုင်းဖြစ်ပြီး ပြည်သူများက စက်သုံးဆီများကို  အမျိုးအစားအလိုက် လုံလောက်စွာ ဝယ်ယူ သုံးစွဲလျက်ရှိကြောင်း သတင်းရရှိသည်။