ဘိုကလေးမြို့နယ်မှ ရန်ကုန်မြို့သို့ အောက်တိုဘာလ တစ်လတာကာလအတွင်း တီလားဗီးယား ငါးပိဿာချိန် ၅၅၀၀၀ အထိ တင်ပို့ရောင်းချ

ဘိုကလေးမြို့နယ်မှ ရန်ကုန်မြို့သို့ အောက်တိုဘာလ တစ်လတာကာလအတွင်း တီလားဗီးယား ငါးပိဿာချိန် ၅၅၀၀၀ အထိ တင်ပို့ရောင်းချ

 

    ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်မြို့သို့ အောက် တိုဘာလတစ်လတာ ကာလအတွင်း တီလား ဗီးယားငါးပိဿာချိန် ၅၅၀၀၀ အထိ တင်ပို့ ရောင်းချခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ခင်ခင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ဘိုကလေးမြို့နယ်၌ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျ သန့်စင်ထုပ်ပိုးကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက် ရှိသည်။   ထိုသို့    တင်ပို့ရောင်းချရာတွင် စက်တင်ဘာလအတွင်းက တီလားဗီးယား ငါးပိဿာချိန် ၄၁၀၀၀ သာ တင်ပို့ရောင်းချ နိုင်ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း တီလားဗီးယား ငါးပိဿာချိန်   ၅၅၀၀၀  အထိ  တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

“ ဘိုကလေးမြို့နယ်က ထွက်ရှိတဲ့ ရေထွက်ကုန်တွေကို ရန်ကုန်မြို့ကို အဓိက တင်ပို့ရောင်းချတယ်။ ရန်ကုန်ဈေးကွက်ကလည်း တီလားဗီးယားငါးတွေ ဝယ်လိုအား ကောင်းနေတယ်။  ဒါကြောင့်  ပိဿာချိန် တော်တော်များများ  တင်ပို့ရောင်းချခဲ့ရတယ်။ ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချခဲ့ရတာကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ကုန်သည်တွေပါ အလုပ်အကိုင် အဆင်ပြေနေပါတယ်။ အခု ငါးဝယ် လိုအားကောင်းလာတာကြောင့်    တချို့ မွေးမြူသူတွေ   ငါးအကောင်ရေ ထပ်တိုး မွေးမြူဖို့ပြုလုပ်နေပါတယ်။ ဈေးကတော့  ပုံမှန်အခြေအနေမှာပဲ ရှိပါတယ်” ဟု ဒေါ်ခင် ခင်ဝင်းကပြောသည်။

ဘိုကလေးမြို့နယ်၌  မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းယူရရှိသည့်   တီလားဗီးယားငါးများ ထွက်ရှိကြောင်း၊ အဆိုပါ တီလားဗီးယားငါး သက်တမ်းသည် သုံးလခန့်မွေးမြူရကြောင်း၊ ဘိုကလေးမြို့နယ်မှ  ရန်ကုန် ဈေးကွက် သို့ တင်ပို့ရောင်းချနေသည့် တီလားဗီးယားငါး တစ်ပိဿာလျှင်  ငွေကျပ်  ၇၅၀၀ အထိ ဈေးနှုန်း ရရှိနေကြောင်း သိရသည်။