ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များကို ကယ်ထုတ်သွားခဲ့ကြောင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မဟုတ်မမှန် ဝါဒဖြန့်ထုတ်ပြန်

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ  ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များကို ကယ်ထုတ်သွားခဲ့ကြောင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မဟုတ်မမှန် ဝါဒဖြန့်ထုတ်ပြန်

 

နေပြည်တော်၊ နိုဝင်ဘာ - ၂၁

     KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ်  အပါအဝင် ဆရာ၊ဆရာမများ၊ မိသားစုဝင်များကို ၎င်းတို့အနေဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် မဟုတ်မမှန် ဝါဒဖြန့် သတင်းများ ထုတ်ပြန်လျက်ရှိသည်ကို တွေ့ရှိရသည်။

   KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် လွိုင်ကော် တက္ကသိုလ်ကို အင်အားအလုံးအရင်း အသုံးပြုဝင်ရောက် တိုက်ခိုက်ခဲ့ချိန်တွင် ပါမောက္ခချုပ်  အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များအား CDM မပြုလုပ်သည့်အတွက် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ လူသားတံတိုင်းအဖြစ် အသုံးပြုရန်အတွက်  အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသာဖြစ်ပြီး ဆရာ၊ ဆရာမ အချို့ကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၎င်းတို့၏လုပ်ရပ်ကြောင့် သင်ကြားရေး အထောက်အကူပြု အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၃ ရက်တွင် အဆိုပါ တက္ကသိုလ်၌ စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထိခိုက်နစ်နာမှုများစွာကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရသည်။

    ၎င်းတို့အနေဖြင့် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ်  အပါ အဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းကို ကယ်ထုတ်ခဲ့သည်ဟူ၍ လည်းကောင်း၊ ကောင်းမွန်စွာဖြင့် ထိန်းသိမ်းထားရှိသည် ဟူ၍ လည်းကောင်း ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများကို ခြိမ်းခြောက်အကြပ်ကိုင်၍ ၎င်းတို့အလိုကျ အကွက်ဆင် ပြောဆိုရိုက်ကူးထားသည့် Video file ကိုအသုံးပြုကာ  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသည့် ပြည်ဖျက်မီဒီယာများမှတဆင့် နိုဝင်ဘာ ၂၀ ရက်တွင် မဟုတ်မမှန် ဝါဒဖြန့်ထုတ်ပြန်မှုများကို လုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရှိရသည်။

       တပ်မတော်အနေဖြင့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏  အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်း မရှိဘဲ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် သင်ကြားရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ရေး လိုအပ်သည်များကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။