ယူကရိန်းအတွက် ငွေကျည်ဆန်မရှိဟု အမေရိကန်ပြော

ယူကရိန်းအတွက် ငွေကျည်ဆန်မရှိဟု အမေရိကန်ပြော

 

    လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းပဋိပက္ခကို တစ်ချက်တည်းနှင့် အဆုံးသတ်သွားစေနိုင်မည့်    ယူကရိန်းအတွက် ငွေကျည်ဆန်သည် အမေရိကန်တွင် မရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင် ကပြောသည်။

လွိုက်သြစတင်သည် ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေပြီး  သမ္မတ ဇီလန်စကီနှင့်တွေ့ဆုံဆွေးနွေးပြီးနောက်   သတင်းထောက်များ၏ မေးမြန်းမှုကို  ယခုကဲ့သို့ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

ယူကရိန်းအစိုးရက အာသာငမ်းငမ်း တောင်းဆိုနေသော အမေရိကန်မှ F-16 တိုက်လေယာဉ်များသည် လက်ရှိဖြစ်ပွား နေသော ပဋိပက္ခအပေါ်  သိသိသာသာ သက်ရောက်မှုရှိစေမည်လားဟု  သတင်းထောက်များက  လွိုက်သြစတင်ကို မေး မြန်းသည်။

“ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့တာကို ခင်ဗျားတို့လည်း ကြားကြမှာပဲလေ။ ဒီလိုမျိုး ပဋိပက္ခအတွက်   ငွေကျည်ဆန် ဆိုတာ မရှိပါဘူး။ F-16  ပဲဖြစ်ဖြစ်၊ HIMARS စနစ်ပဲဖြစ်ဖြစ်၊ ဘယ်လိုလက်နက်ပဲဖြစ်ဖြစ် ဒါဟာ စစ်မြေပြင်မှာ  မှန်ကန်တဲ့ သက်ရောက်မှုတွေ ရရှိစေဖို့အတွက်  သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပေါင်းစပ် အသုံးပြုခြင်းမျှသာဖြစ်ပါတယ်” ဟု လွိုက်သြစတင်က ပြန်ဖြေထားသည်။

တစ်ချိန်တည်းမှာပင် သြစတင်က အမေရိကန်အနေဖြင့် ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီများကို ယူကရိန်းနိုင်ငံက ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အဆိုပါထောက်ပံ့မှုတွင် HIMARS စနစ်တစ်ခုအပြင် အခြားသော ဒုံးကျည်များနှင့် အမြောက်ဗုံးသီးများ ပါဝင်သည်ဟု သိရသည်။